DVB Logo
Home
မြန်မာသတင်း
တားမြစ်ဓာတုပစ္စည်းပါ အလှကုန် ၆ မျိုးသုံးစွဲရန် မသင့်ကြောင်း ကြေညာ
DVB
·
August 3, 2016
တားမြစ်ဓာတုပစ္စည်းပါ အလှကုန် ၆ မျိုးသုံးစွဲရန် မသင့်ကြောင်း ကြေညာ
Donate to DVB

ပြည်တွင်းဈေးကွက်မှာရောင်းချနေတဲ့ အလှကုန်ပစ္စည်း ၆ မျိုးဟာ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းပါနေလို့ သုံးစွဲဖို့ မသင့်ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ကြေညာပါတယ်။

တရုတ်၊ ထိုင်းနဲ့ ဂျပန် ကုမ္ပဏီထုတ် မျက်နှာလိမ်းခရင်တွေမှာ ပြဒါး (မာကျူရီ) ပါဝင်မှု စစ်ဆေးတွေ့ရှိခဲ့ရတာပါ။

သုံးစွဲရန် မသင့်တဲ့ ကုန်ပစ္စည်းအမည်တွေနဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

၁။ Jiaoli Miraculous Cream; 1, 2/ Harbin Gelidai Jiabao Cosmetics Co., Ltd.,Nanyuan

၂။ Kone’ Facial Cream–WhiteningCream (4g)/ Kone Natural Herb Co., Ltd., Thailand/

၃။ Kim Whitening Pearl With Collagen Cream (ထိုင်းဘာသာဖြင့် ဖော်ပြထားပါသည်။)

၎။ Kim Whitening Pearl and Snow Lotus Cream (ထိုင်းဘာသာဖြင့် ဖော်ပြထားပါသည်။)

၅။ S’Zitang 7-Day Specific Whitening Anti-Speckle Cream (တရုတ်ဘာသာဖြင့်ဖော်ပြထားသည်။)

၆။ Shichade’Japanese Rich Herb 3 in 1 Excellent Care ( Made in Japan )

အဆိုပါအလှကုန်ပစ္စည်းတွေကို  အများပြည်သူလူထု သုံးစွဲခြင်းမပြုကြရန်နဲ့  ပြည်တွင်း ဈေးကွက်မှာ တင်သွင်း၊ ဖြန့်ဖြူးရောင်းချပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပုဒ်မ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူမယ်လို့လည်း အသိပေးကြေညာထားပါတယ်။

အလှကုန်ပစ္စည်းတွေမှာပါတဲ့ ပြဒါးဟာ အရေပြားကနေတဆင့် သွေးထဲကို ရောက်သွားနိုင်ပြီး ဦးနှောက်နဲ့ အာရုံကြော ကျောက်ကပ်တွေကို ထိခိုက်နိုင်တာဖြစ်ပြီး  ဥရောပနိုင်ငံတွေမှာ  အလှကုန်ပစ္စည်းတွေမှာ ပြဒါးလုံးဝမထည့်ဖို့ ထားမြစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013