DVB Logo
Home
မြန်မာသတင်း

ကလေးရေဘေးကြောင့် ပြောင်းရွှေ့ခဲ့ရသည့်နေရာ မြေပြို

DVB
·
August 3, 2016
ကလေးရေဘေးကြောင့် ပြောင်းရွှေ့ခဲ့ရသည့်နေရာ မြေပြို
1 / 3
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ကလေးဒေသ ရေဘေးသင့်ခဲ့တာကြောင့် ကျေးရွာတွေ ပြောင်းရွှေ့ခဲ့ရပြီး ပြောင်းရွှေ့တဲ့အထဲမှာ ပါဝင်ခဲ့တဲ့ ကျီကုန်းရွာ နေအိမ်တချို့မှာ မြေပြိုကြောပေါ်တည်ဆောက်မိတာကြောင့် သြဂုတ် ၂ ရက်နေ့က အိမ်တွေ ဖျက်ပြီး ပြောင်းရွှေ့မှုတွေ လုပ်နေရပါတယ်။

“အိမ်တွေကို ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ တောင်ပေါ်မှာ တည်ဆောက်ထားတာပါ။ ရွာမြေသစ်သတ်မှတ်နေရာမှာပါ။ ဒါပေမယ့် ခုဟာက မြေတွေက ပြိုတော့မှာ အက်ကြောင်းတွေ ထလာပြီ။ ဒါကြောင့် အိမ်တွေကိုဖျက်ပြီးနေရာ ပြောင်းဆောက်ရတော့မှာပါ” လို့ ကျီကုန်းရွာနေ အမျိုးသားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ရေဘေးကြောင့် ကျီကုန်းရွာ အိမ်အလုံးလိုက် ပျက်စီးခဲ့တဲ့ နေအိမ်မိသားစုတွေကို ရွာအရှေ့ဘက် ကလေး ကလေးဝလမ်းဘေး တောင်ကုန်းပေါ်ကို ရွှေ့ပြောင်းပေးခဲ့ပြီး အဲ့ဒီ တောင်ကုန်းတွေဟာ မြေနုသားတွေ ဖြစ်ကာ ပြတ်ရွှေ့ကြောများတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ ဒီအိမ်တွေက မြေပြတ်ကြောတွေပေါ်ရှိတာကြောင့် သူတို့အစီအစဉ်နဲ့ ဖျက်ပြီး သင့်တော်တဲ့နေရာ ဆောက်ခိုင်းထားပါတယ်။ မြေနေရာကိုတော့ နောက်မှ တင်ပြပြီး တောင်ခံပေးရမှာ” လို့ ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ပြောပါတယ်။

ပြောင်းရွေ့ရတဲ့ ကျီကုန်းကျေးရွာသစ်မှာ ဆောက်လုပ်ထားတဲ့ အိမ်သစ် အိမ်ခြေ ၁၇ လုံး ပြောင်းရွှေ့နပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - မင်းရဲစစ်နိုင်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013