DVB Logo
Home
မြန်မာသတင်း
ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ကျောင်း ၃၇ ကျောင်း ပိတ်
DVB
·
August 3, 2016
ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ကျောင်း ၃၇ ကျောင်း ပိတ်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းမှာ ရေကြီးရေလျှံဖြစ်နေတဲ့အတွက် ကျောင်း ၃၇ ကျောင်း ပိတ်ထား လိုက်ရပါတယ်။

ရေကြီးနစ်မြုပ်မှုတွေကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကျောင်းပေါင်း ၃၇ ကျောင်းကို သြဂုတ် ၂ ရက်နေ့က စတင်ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

ပိတ်ထားလိုက်တဲ့ကျောင်းတွေဟာ ဟင်္သာတခရိုင်ထဲကဖြစ်ပြီး မြန်အောင်မြို့နယ်မှာ ကျောင်းပေါင်း ၂၂ ကျောင်း၊ ကြံခင်းမြို့နယ်က ကျောင်း ၁၀ ကျောင်းနဲ့ ဇလွန်မြို့နယ်က ကျောင်း ၅ ကျောင်းကို ပိတ်ထားလိုက်ပြီး ရေပြန်ကျချိန်မှာ အစားပြန်တက်ဖို့ စီစဉ်ထားတယ်လို့လည်း ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ဒီရက်ပိုင်းတွေမှာတော့ နှစ်စဉ် ပုံမှန်ရေတက်မှုပုံစံသာ ရှိသေးပြီး မိုးဆက်တိုက်ရွာသွန်းမှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် အထက်ပိုင်းက ရေစီးဆင်းလာမှု တွေနဲ့ ကြုံတဲ့အခါ စိုးရိမ်ရတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးမှူး ဦးသန်းစိုးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013