DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေ
DVB
·
August 2, 2016
ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေ
Donate to DVB

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်း နေတယ်လို့ မိုးဇလဌာနက  ဒီကနေ့ မွန်းလွဲ ၂ နာရီမှာ ထုတ်ပြန်ပါတယ်။

မြန်မာ့ပင်လယ်ပြင်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးနိုင်တဲ့အကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ  တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊  ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လတ်တလော ပြည်နယ်နဲ့တိုင်းဒေသတချို့က မြို့တွေရွာတွေမှာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ ကြီးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

ချင်းတွင်းမြစ်ရေဟာ မုံရွာ၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ စတဲ့မြို့တွေမှာ စိုးရိမ်ရေမှတ် အထက် ကျော်လွန်နေပြီး ဧရာဝတီမြစ်ရေကတော့ ညောင်ဦးမှာ  (၅)ပေခွဲခန့်   ပခုက္ကူမှာ  ၃ ပေခန့်၊ မင်းဘူးမှာ (၂)ပေခွဲခန့်၊ မကွေး၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာ  ၁ ပေခွဲခန့်စီ၊ အောင်လံမှာ ၁ ပေခန့်၊ ပြည်နဲ့ ဆိပ်သာမြို့တွေမှာ ပေ၀က်ခန့်စီ စိုးရိမ်ရေမှတ်ကျော်လွန်နေပါတယ်။

ဒုဋ္ဌဝတီမြစ်ရေကတော့  မြစ်ငယ်မြို့မှာ  ၂ ပေခွဲခန့် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး ငဝန်မြစ်ရေကတော့  ငါသိုင်းချောင်း မြို့မှာ ၁ ပေခွဲခန့် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ ပါတယ်။

ဒီအခြေအနေတွေကြောင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ် နဲ့ ငဝန်မြစ်တစ်လျှောက်ရှိ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတဲ့ မြို့နယ်တွေမှာ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့နဲ့  မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြဖို့ မိုးဇလက အကြံပြုတိုက် တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013