DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးဒဏ်ခံ မြန်မာလူထုကို သြစတြေးလျက ဒေါ်လာ ၁၂ သန်းပေးအပ်
DVB
·
August 2, 2016
သဘာဝဘေးဒဏ်ခံ မြန်မာလူထုကို သြစတြေးလျက ဒေါ်လာ ၁၂ သန်းပေးအပ်
Donate to DVB

မြန်မာပြည်တွင်းနဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသက ပဋိပက္ခဘေးနဲ့ သဘာဝဘေးဒဏ် ခံနေရ သူတွေအတွက် သြစတြေးလျနိုင်ငံက လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၁၂ သန်း ထပ်မံပေးအပ်လိုက်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။

မြန်မာနိုင်ငံဟာ အခုနှစ်မှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူပေါင်း ၁ သန်းကျော် လောက်နဲ့ စိန်ခေါ်မှုအခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး မြန်မာပြည်ရဲ့ လူသားချင်းစာနာမှု အကူအညီလို အပ်ချက်တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စ ဂျူလီဘစ်ရှော့က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

သြစတြေးလျရဲ့ ကူညီထောက်ပံ့မှုဟာ အိုးအိမ်စွန့်ခွာနေစရာမဲ့ ဖြစ်ခဲ့ရသူတွေအတွက် အမိုး အကာ၊ ပညာရေးနဲ့ သက်မွေးဝမ်းကျောင်းလုပ်ငန်း အစီအစဉ်တွေအတွက် အထောက်အကူ ပိုမိုဖြစ်စေလိမ့်မယ် လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေရှိ ကျောင်းသူကျောင်းသားတွေ မြန်မာပြည်ပြန်နိုင်ရေး၊ ငွေရေးကြေးရေးဆိုင်ရာအသိပညာတွေရရှိရေးနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ရေး သင်တန်းတွေအတွက်လည်း အကူအညီဖြစ်စေမယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးဖို့၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူတွေ ဥပဒေကြောင်းအရ အကူအညီရဖို့နဲ့ မြေမြုပ်မိုင်းတွေ ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေ ပြန်လည်ထူထောင်ရေးအတွက်ရည်ရွယ်တယ်လို့ လည်းဆိုပါတယ်။

သြတြေးလျနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေကို ၂၀၁၂ ခုနှစ်ကစ ပေးအပ်နေရာမှာ ခုထပ်မံပေးအပ်တဲ့ အကူအညီတွေနဲ့ ပါဆိုရင် ဒေါ်လာ ၆၅ သန်းရှိသွားပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013