DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းဖောက်လုပ်ရန် အပါအ၀င် အချက်အချို့ ယူဒဗလျူအက်စ်ပီ တောင်းဆို
DVB
·
August 2, 2016
အမြန်လမ်းဖောက်လုပ်ရန် အပါအ၀င် အချက်အချို့ ယူဒဗလျူအက်စ်ပီ တောင်းဆို
Donate to DVB

ဝပြည်သွေးစည်းညီညွတ်ရေးပါတီက သံလွင်မြစ်အထက်ပိုင်းမှာ ရေကာတာ တည်ဆောက်ဖို့၊ ကူမင်း - ၀ - မန္တလေး အမြန်လမ်းဖောက်လုပ်ဖို့ စတဲ့အချက်တွေ အစိုးရဘက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

အဲဒီအမြန်လမ်းဟာ အခုအသုံးပြုနေတဲ့ မူဆယ်လမ်းထက် ကီလိုမီတာ ၁၀၀ လောက် ပိုသက်သာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အငြိမ်းစားယူထားတဲ့ အရင် စစ်ထောက်လှမ်းရေး အရာရှိကြီးတဦးကို အကြံပေးအဖြစ် တာဝန်ပေးနိုင်ရေး ဖိတ်ခေါ်နိုင်ဖို့ကို ခွင့်ပြုပေးဖို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုတောင်းဆိုချက်တွေကို ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးပေါင်ယူယိ ဦးဆောင်ပြီး ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် အရာရှိတွေ အပါအ၀င် အဖွဲ့ဝင် ၉၀ လောက် ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်ကို လာခဲ့စဉ် တောင်းဆိုသွားတာ ဖြစ်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (ယူဒဗလျူအက်စ်ပီ/ယူဒဗလျူအက်စ်အေ) ဟာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013