DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမတဦး ထိုင်းထီ ဘတ် ၆ သန်းပေါက်
DVB
·
August 2, 2016
မြန်မာအလုပ်သမတဦး ထိုင်းထီ ဘတ် ၆ သန်းပေါက်
Donate to DVB

ထိုင်းနိုင်ငံက ဒီအပတ် သြဂုတ် ၁ ရက်နေ့မှာထွက်တဲ့ ထိုင်းထီပေါက်သူတွေထဲ ဘန်ကောက် စက်ရုံတရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမတဦးလည်း ပထမဆု ထိုင်းဘတ်ငွေ ၆ သန်း ပေါက်သွားပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ မြန်မာအလုပ်သမ ရီလေး ဆိုသူဟာ ဒီအပတ်ထွက်တဲ့ ၆ လုံးတိုက်တစုံ ၂၇၂၉၃၂ ဂဏန်း ပေါက်တဲ့အတွက် သြဂုတ် ၁ ရက် ညနေ ၄ နာရီက   ဘန်ခွန်ထိန်းနယ်မြေ ထိန်းထလေးရဲစခန်းမှာ သက်သေခံထီဖြတ်ပိုင်းနဲ့အတူ လာရောက်အကြောင်းကြားခဲ့တယ်လို့ ထိန်းထလေးရဲစခန်း တာဝန်ကျ ဒု-ရဲအုပ် ရိန်းဆဒ်ဒီ ဖစ်ခယိုက သတင်းထောက်ကို ပြောပါတယ်။

သူမဟာ အဆိုပါထီလက်မှတ်ကို စက်ဘီးနဲ့ လည်ရောင်းသူတဦးထံမှ ၀ယ်ယူခဲ့တယ်လို့ ရဲစခန်းမှာ ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013