DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ကမ်းဘေး မြို့နယ်အချို့ ရေနစ်မြုပ်မှုအခြေအနေ
DVB
·
August 1, 2016
ဧရာဝတီမြစ်ကမ်းဘေး မြို့နယ်အချို့ ရေနစ်မြုပ်မှုအခြေအနေ
Donate to DVB

တံတားဦး
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်က အင်းဝ မြို့ဟောင်းနဲ့ ကျေးရွာ ၂၄ ရွာလောက် ရေကြီးနစ်မြုပ်နေပြီး ကျောင်းတွေလည်း ပိတ်ထားရ တယ်လို့ တံတားဦးမြို့နယ်မဲဆန္ဒနယ် အမှတ် ၁ က လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်နီက ပြောပါတယ်။
“အင်းဝဖက်ပိုင်းက တော်တော်များများဝင်နေတယ်။ ရေကမနိုင်ဘူး။ ကြာလာတဲ့အခါကျ တော့စိမ့်ပြီးတော့ ၀င်တာပဲ။ ဒီနှစ်က နဲနဲ့လေးပိုဆိုးတယ်ပေါ့။ ရေက မြို့ထဲကိုဝင်တဲ့ တာရိုးလမ်း က နှုတ်ခမ်းတိုက်နေတာပေါ့ဗျာ။ ကျေးရွာတွေက်လည်း ရွှေ့ပြီးတော့ ကယ်ဆယ်ရေးစခန်းမှာ ဖွင့်နေကြတယ်။ အခုက နေစရာထိုင်စရာ အခက်အခဲပေါ့ဗျာ။ တိရစ္ဆာန်တို့အစ လမ်းပေါ် တက်နေရတာပေါ့။”

အမရပူရ
အမရပူရမြို့နယ်မှာလည်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာပေါင်း ၆၀ လောက်ရေ ကြီး နစ်မြုပ်နေပြီး လူပေါင်း ၈ သောင်းလောက် ရေဘေးကြုံနေရတယ်လို့ အမရပူရ မဲဆန္ဒနယ် နယ်အမှတ် ၂ အမတ် ဦးမြင့်ဆွေက ပြောပါတယ်။
အရပူရမြို့နယ်တွင်းက ရတနာပုံတက္ကသိုလ်ကျောင်း ခတ္တပိတ်ထားရသလို ကမ္ဘာလှည့်ခရီးသွား တွေ အသွားများတဲ့ ဦးပိန်တံတား ဖြတ်သန်းမှု ယာယီပိတ်ထားရပါတယ်။

မင်းဘူး
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မှာလည်း မြို့တ၀က်လောက် ရေနစ်မြုပ်နေပြီး ဒေသခံတွေက ဘေးလွှတ်ကို ရွှေ့ပြောင်းနေထိုင်ကြရပါတယ်။
မင်းဘူးမှာ စိုးရိမ်ရေမှ ၁၇၀၀ စင်တီမီတာရှိပေမယ့် ဒီကနေ့မနက်မှာ ၁၇၃၁ စင်တီမီတာ အထိမြင် တက်တဲ့အတွက် ရွှေ့ပြောင်းနေထိုင်ကြရပြီး မျက်စိမှုတချို့တော့ရှိတယ်လို့ ဒေသခံ သတင်းထောက် က ဒီဗွီဘီကို ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ကနေ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်သို့ ဆက်သွယ်ဖောက်လုပ်ထားတဲ့ ချောက်-ပုဂံ ညောင်ဦးကားလမ်းပေါ်ရှိ ဂန့်ဂေါကျေးရွာတွေလည်း ရေနစ်မြုပ်နေပြီး သွားရေးလာရေး အခက်အခဲဖြစ်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013