DVB Logo
Home
မြန်မာသတင်း
တံတားဦးတွင် မိုးသည်းထန်ပြီး လမ်းများပေါ်ရေကျော်၊ အရေးပေါ် သဲအိတ်များချ
DVB
·
August 1, 2016
တံတားဦးတွင် မိုးသည်းထန်ပြီး လမ်းများပေါ်ရေကျော်၊ အရေးပေါ် သဲအိတ်များချ
Donate to DVB

ဒီရက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ဧရာဝတီမြစ်နဲ့ ဒုတ္ထ၀တီတို့ ဆုံရာမှာ တည်ရှိနေတဲ့ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ ရေလယ်ရပ်ကွက်ဟာ အရေးကြီးနေပြီး အဲဒီကတဆင့် တံတားဦးမြို့အတွင်း ရေမ၀င်နိုင်ရန် အရေးပေါ် သဲအိတ်တွေ ချနေရပါတယ်။

“ဒီနားက ကျနော်တို့ ရေလယ်ဖွင့်မြောင်း ကျိုးသွားလို့ ကျနော်တို့အဖွဲ့တွေ မြို့မိ မြို့ဖတွေကော အကုန်ဝိုင်းပြီး လုပ်ပေးနေကြတာပါ။ ကျနော်တို့ မီးသတ်ကအဖွဲ့တွေကော မြို့ကအဖွဲ့တွေကော အကုန်ဝိုင်းလုပ်ပေးနေကြတာပါ။ လက်ရှိအနေအထားကတော့ ရွာ ၂၄ ရွာ ရေ၀င်နေပြီ။ ကျနော်တို့ ကယ်ဆယ်ရေးစခန်း ၂၀ ဖွင့်ထားတယ်။ လက်ရှိအခြေအနေကတော့ ကျနော်တို့ နိုင်တဲ့အနေအထားကို ရှိသေးတယ်။ နောက်ထပ် ၁ ပေလောက်ဆိုရင်တော့ ကျနော်တို့ အခြေအနေ စိုးရိမ်ရတာပေါ့။ ရွာထဲက အဖွဲ့တွေကော အဓိက အေးရွာထဲက အဖွဲ့တွေကော ရွှေ့ပြောင်းဖို့အတွက် ကျနော်တို့ ဆောင်ရွက်နေပါတယ်” လို့ တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့ဇော်က ပြောပါတယ်။

တံတားဦးမြို့နယ်အတွင်း အင်းဝ၊ ပင်းယ၊ ရေခမုတ်၊ မင်းစည် စတဲ့ရွာတွေဟာ ရေကျော်မှုတွေ ရှိနေတာကြောင့် လူမှုအဖွဲ့အစည်းတွေ၊ မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတ အဖွဲ့ဝင်တွေအားလုံး စုပေါင်းပြီး ကူညီဆောင်ရွက်နေကြတာပါ။

“လမ်းသွားလမ်းလာ အခက်အခဲတွေအတွက် အင်းဝက လူငယ်တွေက အကုန်လုံး ၀ိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပြီး သွားလာရေး ကောင်းမွန်အောင်လို့ပေါ့” လို့ အင်းဝရွာမှ ကိုဟိန်းမင်းသူက ပြောပါတယ်။

တံတားဦးမြို့နယ် အင်းဝ၊ ပင်းယ၊ မြို့သာ၊ ငဇွန်ကို ဆက်သွယ်ထားတဲ့ လမ်းတွေမှာ ရေတွေတက်နေတာကြောင့် သွားလာမှုတွေ ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။

မန္တလေးနဲ့နီးတဲ့ မြစ်ငယ်၊ အမရပူရ၊ အင်းဝ၊ ပင်းယ ရွာတွေကိုလည်း ရေ ၄ ပေ ထပ်တက်လာနိုင်တာကြောင့် အရေးပေါ် ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း - အောင်အောင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013