DVB Logo
Home
မြန်မာသတင်း
ကလေးဝမြို့နယ် ချင်းတွင်းမြစ်တလျောက် ရေဘေးသင့်ပြည်သူများ ကူညီရန် အလှူရှင်များလိုအပ်
DVB
·
August 1, 2016
ကလေးဝမြို့နယ် ချင်းတွင်းမြစ်တလျောက် ရေဘေးသင့်ပြည်သူများ ကူညီရန် အလှူရှင်များလိုအပ်
1 / 4
Donate to DVB

ကလေးဝမြို့နယ် ချင်းတွင်းမြစ်တလျောက် ရေဘေးသင့်ပြည်သူတွေအတွက် အကူအညီလိုအပ် နေတယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်ရေဟာ ရက်ပေါင်း ၂၀ ကျော်အထိ တဖြည်းဖြည်းတိုးလာနေတာကြောင့် ချင်းတွင်းမြစ် ကမ်းတလျောက်ရွာအချို့ ဆန်နဲ့ အစားအစာ အခက်အခဲဖြစ်လာတဲ့အတွက် စေတနာရှင်တွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ကလေးခရိုင် ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက ပြောပါတယ်။

“ကလေးဝနယ် ချင်းတွင်းမြစ်ရိုးတလျောက်မှာတင် ကျေးရွာတော်တော်များများ ရက်ရှည် ရေဘေးသင့်နေတယ်။ အဲ့ဒီမှာ ရွာအားလုံးတော့ အခက်အခဲမဖြစ်ပါဘူး။ တချို့ရွာလေးတွေ မှာတော့ စားစရာ ဆန်နဲ့ ဂေါ်ဖီထုပ်တို့ ကြက်ဥတုတို့ ငါးပိ ငါးခြောက်တို့လို လွယ်လွယ် သယ်ရစားရတဲ့ ပစ္စည်းတွေ ကူညီပေးဖို့ လိုအပ်နေပါတယ်။ ရဲတပ်ဖွဲ့ရယ် ထွေအုပ်ရယ် အလှူရှင် တချို့ရယ် ပေါင်းပြီး မနေ့က ဆန် ၁၄ အိပ်နဲ့ ဂေါ်ဖီထုပ် ခေါက်ဆွဲခြောက်နဲ့ ရေသန့်တွေ သွားလှူခဲ့တယ်”လို့ ကလေးခရိုင် ရဲမှူး ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက ဆက်လက်ပြောပါတယ်။

ကလေးဝနယ် ချင်းတွင်းမြစ်ရိုးတလျောက် ရေဘေးသင့်မှုမှာ စုစုပေါင်း ခန့်မှန်းခြေ လူဦးရေ ၁၀၀၀၀ ခန့် ရှိနေပြီး ဆင်ဂေါင်းရွာနဲ့ မထုရွာကတော့ ရေဘေးသင့်မှု ဆိုးဝါးပြီး အကူအညီ ပိုလိုအပ်နေတယ်လို့ သိရပါတယ်။

ရေတက်လာတာ ရက်၂၀ ကျော် ကြာပြီ။ ရွာကလည်း ဆင်းရဲတော့ ရက်ရှည်လာတာနဲ့ အလုပ်အကိုင်ပျက် အစားအသောက် ခက်ခဲလာတယ်။ ဒီ ရက် ၂၀ မှာ ၁၀ ရက်လောက်တော့ မရှိသူက ရှိသူဆီကနေ ချေးငှား စားသောက်ပြီး ဖြတ်သန်းနေရတာပါလို့ ဆင်ဂေါင်းရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။
အခုလို ချင်းတွင်းမြစ်ရေဘေးသင့်ခဲ့တဲ့ မြစ်ရိုးတလျောက် ကျေးရွာတွေအနေနဲ့ အစားအသောက် အခက်အခဲကြုံနေတာကလွဲပြီး ရေကြောင့် အသက်အန္တရာယ် ဖြစ်မှုတွေ မရှိဘူးလို့လည်း သိရပါတယ်။
မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013