DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တချို့ ရေကြီးရေလျှံ
DVB
·
August 1, 2016
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တချို့ ရေကြီးရေလျှံ
Donate to DVB

မိုးသည်းထန်ပြီး ဧရာဝတီမြစ်ရေတိုးမှုကြောင့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီးမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။

မန္တလေးမြို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော်အထိတက်လာလို့ မြို့ပေါ်ရပ်ကွက်တချို့နဲ့ ဘုန်းကြီးကျောင်းတွေထဲရေ၀င်ကာ ရေဘေးသင့် မိသားစုတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာဆိုရင် တောင်သမန်အင်းရေများလွန်းတာကြောင့် ဒီကနေ့ မနက် ၁၀ နာရီကစပြီး ရေထိန်းတံခါးကို ဒီကနေ့ ဖွင့်လိုက်ရတယ်လို့ ပြည်ကြီးတံခွန်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မောင်မောင်က ပြောပါတယ်။

“ကျနော်တို့ မဲဆန္ဒနယ်မှာ ရေနည်းနည်းမနိုင်လို့ ရေတံခါးတောင် ဖွင့်ရတဲ့ အနေအထားမျိုး ဖြစ်နေတယ်ဗျာ။ ကျနော်တို့ တံခွန်တိုင်၊ နံ့သာလေ။ ကျနော်တို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ တောင်သမန်ကရေက ကြီးနေတဲ့အတွက် ရေတံခါးလေးဖွင့်ပေးရတဲအနေအထားဖြစ်နေတယ်။ ရေတံခါးဖွင့်လိုက်တဲ့အတွက် နံ့သာမှာတော့ ရေကြီးသွားနိုင်တာပေါ့။ ဒါပေမယ့် တာဘောင်ကြီး ကျိုးသွားမယ်ဆိုရင် နံ့သာကအိမ်တွေအကုန်လုံးပါသွားမှာလေ။ ကျိုးသွားမယ့် အန္တရာယ်ကိုတော့ ကာကွယ်နိုင်ပြီပေါ့။ ”

ရေကြီးနိုင်မယ့် အနေထားကို လက်ရှိဒေသခံတာဝန်ရှိသူတွေက လိုက်လံအသိပေးနေပြီး ရေဘေးကယ်ဆယ်ရေးစန်းတွေကိုလည်း ဖွင့်ပေးထားတယ်လို့ ဦးဇော်မောင်မောင်က ပြောပါတယ်။

တောင်သမန်အင်းရေမြင့်တက်လာလို့ ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့ ဦးပိန်တံတား ဖြတ်သန်းမှု ယာယီပိတ်ထားဖို့ရှိနေပါတယ်။

ရေကြီးမှုကြောင့် အမရပူရမြို့နယ်အတွင်းက ရတနာပုံ တက္ကသိုလ်ကျောင်းဝင်း အတွင်းမှာလည်း မြစ်ရေတိုးဝင်ရောက်နေတာကြောင့် ဒီကနေ့ က စတင်ပြီး ကျောင်းကိုခေတ္တပိတ်ထားရပါတယ်။

အမရပူရမြို့နယ်အတွင်းက ကျေးရွာတော်တော်များများမှာလည်း ရေကြီးရေလျှံနေတဲ့အတွက် တချို့ဒေသခံတွေဘးလွှတ်ရာ သွားရောက်နေထိုင်ရပြီး တချို့ လမ်းဘေးမှာ တဲလေးထိုးပြီး နေနေရတာမျိုးရှိတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ပြောပါတယ်။

ဒါ့အပြင် ကားလမ်းတွေရေကျော်တဲ့အတွက် ကားကြီးတွေကလွဲရင် ကားငယ်တွေ သွားလာမှု ခေတ္တရပ်ဆိုင်းရတယ်လို့လည်းပြောပါတယ်။

အမရပူရ ကျော်အောင်စံထားကျောင်းနှင့် မဟာဂန္ဓာရုံကျောင်း စည်ပင်အဖွဲ့သဲအိပ်များဖြင့် တားဆီးရပြီး မဟာဂန္ဓာရုံ ကျောင်းတိုက် ဆန်ဂိုထောင် ရေမြုပ်ခါနီးလို့ ရွှေ့ပြောင်းနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013