DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေတိုးမှုကြောင့် မင်းဘူး ကျေးရွာအချို့ ရေနစ်မြုပ်
DVB
·
July 31, 2016
ဧရာဝတီမြစ်ရေတိုးမှုကြောင့် မင်းဘူး ကျေးရွာအချို့ ရေနစ်မြုပ်
1 / 10
Donate to DVB

ဇူလိုင် ၃၀ ရက်နေ့ည တညလုံး မိုးရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်ရေတိုးလာတာကြောင့် မင်းဘူး (စကု) မြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာအချို့ ရေနစ်မြုပ်ခဲ့ပါတယ်။

ထုံးမကြီးကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာနဲ့ ဆည်လည်ကျေးရွာတွေမှာ ရေနစ်မြုပ်ခဲ့ပြီး ကုန်းမြင့်ရှိရာ အောက်ကျောင်းကျေးရွာ ဘုရားကြီးဝန်းမှာ ရေဘေးသင့်ပြည်သူတွေ သွားရောက်နေထိုင်နေကြပါတယ်။

ဒီကနေ့ ၃၁ ရက်နေ့မှာတော့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၊  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ခလရ ၁၀ က တပ်ရင်းမှူးအပါအ၀င်တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်တွေက စက်လှေတွေနဲ့ သွားရောက်ပြီးအကူအညီပေးနေကြပါတယ်။

လတ်တလော အနေအထားအရ ဧရာဝတီမြစ်ရေဟာ ဆက်လက်မြင့်တက်ဖို့ အနေအထားရှိနေပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ တိရစ္ဆာန် ကျွဲနွား အစရှိတာတွေကို အဓိကပြောင်းရွှေ့ပေးနေရတယ်လို့ ဆိုပါတယ်။

အခုအခါ ရေဘေးရှောင် နေကြသူတွေအတွက် သောက်သုံးရေနဲ့ စားသောက်စရာတွေ လိုအပ်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ဒီဗွီဘီ ကို ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ဇော်ဖေ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013