DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် ကသာမြို့တွင် အကူညီများ လိုအပ်နေ
DVB
·
July 31, 2016
ရေဘေးသင့် ကသာမြို့တွင် အကူညီများ လိုအပ်နေ
1 / 13
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ရှိ ဧရာဝတီမြစ်ရေဟာ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာပြီး ဇူလိုင် ၃၀ ရက်နေ့ညနေ တိုင်းထွာချက်အရ ၁၀၃၄ စင်တီမီတာ စိုးရိမ်ရေမှတ်အောက် ၆ စင်တီမီတာ ကျဆင်းသွားပြီဖြစ်ပေမယ့် ရေလွှမ်းမိုး နစ်မြုပ်နေတဲ့ ကျေးရွာတွေမှာ အကူညီတွေ လိုအပ်နေပါတယ်။

ကသာမြို့က ပရဟိတ လူမှုကူညီရေး အသင်းဖြစ်တဲ့ ဧရာကမ်းသာ လူမှုကူညီရေးအသင်းနဲ့ အွန်လိုင်းချစ် သူများအဖွဲတို့ ပူးပေါင်းပြီး စေတနာရှင် အများစုပေါင်းအားနဲ့ ရေလွှမ်းမိုး နစ်မြုပ်ခံခဲ့ရတဲ့ ကျေးရွာတွေကို အိမ်တိုက်ယာရောက် သွားရောက်ပြီး ဆန်ဆီစတဲ့ စားသောက်ဖွယ် ကုန်ပစ္စည်းနဲ့ သောက်ရေသန့်တွေကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ကသာမြို့ အရှေ့ဘက်က ကျေးရွာ တော်တော်များများဟာ ဧရာဝတီမြစ်ရေ လွှမ်းမိုးနစ်မြုပ်ခံခဲရတာဖြစ်ပြီး လူနေအိမ်အချို့ ပျက်စီးမှုတွေ ရှိခဲ့သလို အကူအညီတွေလိုအပ်နေတဲ့ သဖန်းဒေါင့်၊ ကွေ့ကြီးကျွန်း၊ လက်ပံဇင်ကျွန်း၊ ဝေစွယ်၊ စစ်ကုန်းကျေးရွာတွေကို သွားရောက်လှူဒါန်းခဲ့တာပါ။

"ကျမတို့အနေနဲ့ အကူအညီ လိုအပ်နေတဲ့ နေရာတွေကို ဧရာကမ်းသာ လူမှုကူညီရေးအသင်းနဲ့ ဝိုင်းဝန်းလက်တွဲပြီး နေ့စဉ် ကျေးရွာတွေအထိ သွားရောက်ပြီး စားသောက်ဖွယ်အပြင် ငွေကြေးကိုပါ ထည့်ဝင် လှူဒါန်းနေပါတယ်။ နောက်ရက်တွေကိုလည်း လိုအပ်တဲ့ အကူအညီတွေ ပေးသွားမှာပါ”လို့ အွန်လိုင်းချစ်သူ အဖွဲ့ခေါင်းဆောင် မသိန်းသိန်းမိုး က ပြောပါတယ်။

ဒါအပြင် ကသာနဲ့ ထီးချိုင့်မြိုနယ်တို့ရဲ့ နယ်စပ်ဖြစ်တဲ့ လှေဘို၊ သာကရ၊ ကျောက်ပုံ၊ ကလုံ စတဲ့ကျေးရွာ ၆ ရွာလောက်ဟာ လူမှုကူညီရေးအဖွဲ့တွေ အလွယ်တကူ ရောက်မလာနိုင်တဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် ကျဆင်းလာပြီ ဖြစ်ပေမယ့် လုပ်ငန်းခွင် ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးသလို သွားရေးလာရေးနဲ့ စားရေးအပြင် သောက်ရေ မသန့်ရှင်းမှုတွေလည်း တွေ့ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - သီဟဆွေ (ကသာ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013