DVB Logo
Home
မြန်မာသတင်း
လစဉ်ဝင်ငွေ ၁ သိန်းခွဲနှင့်အထက်ရှိသူများ ငွေပေးချေအကြွေးဝယ်ကတ် လျှောက်ထားနိုင်ပြီ
DVB
·
July 29, 2016
လစဉ်ဝင်ငွေ ၁ သိန်းခွဲနှင့်အထက်ရှိသူများ  ငွေပေးချေအကြွေးဝယ်ကတ် လျှောက်ထားနိုင်ပြီ
Donate to DVB

လစဉ်ဝင်ငွေ ၁ သိန်းခွဲနဲ့ အထက်ရှိတဲ့ မည်သူမဆို အပ်ငွေပေးသွင်းစရာ မလိုဘဲ ငွေပေးချေ အကြွေးဝယ်ကတ် လျှောက်ထားနိုင်တဲ့အကြောင်း ဧရာဝတီဘဏ်က ဇူလိုင်လ ၂၈ ရက်နေ့က ရုံးချုပ်မှာ မိတ်ဆက် အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

ငွေပေးချေ အကြွေးဝယ်ကတ်ပြားတွေကို Platinum, Gold နှင့် Silver ဆိုပြီး သုံးမျိုး သတ်မှတ်ထားပါတယ်။ ဒီကတ်တွေကို ပြည်တွင်း MPU နှင့်ချိတ်ဆက်ထားတဲ့ ဆိုင်တွေနဲ့ ATM တွေမှာသာမက နိုင်ငံပေါင်း ၁၆၀ ကျော်မှာ ရှိတဲ့ Union Pay’s network နဲ့ ချိတ်ဆက်ထားတဲ့ POS တွေနဲ့ ATM တွေမှာပါ ငွေပေးချေထုတ်ယူမှု ဆောင်ရွက်နိုင်မယ်လို့လည်း ဖော်ပြထား ပါတယ်။

ငွေပေးချေတဲ့အခါ ငွေသားကိုင်ဆောင်ဖို့ မလိုအပ်ဘဲ အလွယ်တကူ ငွေပေးချေနိုင်ပြီး၊ မိတ်ဖက်ဆိုင်တွေမှာ သတ်မှတ်ထားတဲ့ discount အစရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်လို့ သိရပါတယ်။

ချိတ်ဆက်ထားတဲ့ မိတ်ဖက်ဆိုင်တွေ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ supermarket၊ ဆီဆိုင်၊၊ ခရီးသွားဝန်ဆောင်မှု ကိုယ်စားလှယ်တွေ၊ ဆေးရုံ၊ ကျောင်း၊ ဆေးခန်းနှင့် ဟိုတယ် စတဲ့နေရာတွေမှာ အသုံးပြုသွားနိုင်တယ်လို့ ဘဏ်ရဲ့ Care & Payment Services ဌာနမှူးဒေါ်နန်းစောခမ်းဖြူရဲ့ ပြောပြချက်ကိုလည်း ဘဏ်ရဲ့ ၀က်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013