DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရ၏ စီးပွားရေးမူဝါဒတွင် အလုပ်အကိုင်အခွင့်အလမ်းဦးစားပေးပါဝင်
DVB
·
July 29, 2016
အန်အယ်လ်ဒီအစိုးရ၏ စီးပွားရေးမူဝါဒတွင် အလုပ်အကိုင်အခွင့်အလမ်းဦးစားပေးပါဝင်
Donate to DVB

အန်အယ်လ်ဒီ အစိုးရသစ်ရဲ့ နိုင်ငံ့စီးပွားရေးမူဝါဒတွေမှာ စိုက်ပျိုးရေးနဲ့ စက်မှုကဏ္ဍ ပြိုင်တူ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ဦးစားပေးတာ ပါဝင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၂၉ ရက်မှာ နေပြည်တော်၊ MICC 2 ခန်းမမှာကျင်းပတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍအားလုံးချမှတ်အကောင်အထည်ဖော်မယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကို ရှင်းလင်းပြောကြားတဲ့ အခမ်းအနားမှာ ပြောဆိုလိုက်တာပါ။

ဒီမူဝါဒမှာ အဓိကဦးစားပေးပါဝင်တဲ့ အချက်တွေကတော့ စိုက်ပျိုးရေးနဲ့ စက်မှုကဏ္ဍ ပြိုင်တူ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့၊ ကူးသန်းရောင်းဝယ်ရေးကဏ္ဍ တိုးတက်အောင် အခြေခံအဆောက်အအုံ တွေ တည်ဆောက်ဖို့၊ နည်းပညာကိုအသုံးပြုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ဖို့၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်ဆောင်ဖို့ ပါဝင်ပါတယ်။

ဓာတ်ပုံ - ပြည့်ဖြိုးကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013