DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်
DVB
·
July 29, 2016
လူ့အခွင့်အရေးကော်မရှင် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်
Donate to DVB

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်လိုက်ပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ၂၀၁၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ထောက်ပြဝေဖန် ဆွေးနွေးခဲ့တာပါ။

ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ်မှာ ကော်မရှင်ဟာ အကြံပြုပိုင်ခွင့်ပဲ ရှိတာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြန်လည် ရှင်းလင်းခဲ့ပါတယ်။

“ဒီမှာလည်း လွှတ်တော်ကိုယ်စားလှယ် ကြီးများကနေပြီးတော့မှ ဒါကို ပိုပြီးတော့ ဖိဖိစီးစီး ဆောင်ရွက်ပေးမယ်လို့ အကြံပြုချက်က အထူးပဲ တန်ဖိုးရှိပါတယ်။ ဘာကြောင့်လဲ ကျနော်တို့ အခု လူ့အခွင့်ရေးကော်မရှင်က အကြံပြုပိုင်ခွင့်ပဲရှိတယ်။ ဒါက ကျနော်တို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တင် မဟုတ်ပါဘူး။ ဒါ နိုင်ငံတကာကနေပြီးတော့ ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အကြံပြုချက်များကို အကောင်အထည်ဖော်ဖို့ အားက ဘယ်ကရမလဲ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဆီက ရပါတယ်။ ဒါကြောင့်မို့ ဒီမှာ ဆွေးနွေးအကြံပြုတာကို အထူးပဲ ၀မ်းသာအားရစွာနဲ့ ကြိုဆိုပါတယ်။”

ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးတွေ ဆက်လက် မဆုံးရှုံးစေဖို့အတွက် လက်ရှိကော်မရှင်ကို အတွေးသစ် အမြင်သစ် ရှိတဲ့သူတွေနဲ့ ပြောင်းလဲသင့်တယ်လို့လည်း ကိုယ်စားလှယ်တဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းက လူ့အခွင့်အရေးစံနှုန်း၊ နိုင်ငံတကာ ကွန်ဗင်းရှင်းတွေနဲ့လည်း မကိုက်ညီဘဲ ပြဋ္ဌာန်းဖို့မသင့်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့တဲ့အတွက် အခု လွှတ်တော်သက်တမ်းမှာ ဒီလိုမျိုးတွေ ဆက်လက်မလုပ်သင့်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

“ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းကဆိုရင် ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာလည်း ပါပါတယ်။ လူ့အခွင့်အရေး စံနှုန်းတွေနဲ့လည်း မညီပါဘူး။ မိမိတို့နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ ကွန်ဗင်းရှင်းတွေနဲ့လည်း မကိုက်ညီပါဘူး။ ဒါကြောင့်မို့ ပြဋ္ဌာန်းရန် မသင့်ပါဘူးလို့ တိုက်ရိုက် အကြံပြုချက်တွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ကြီးက ဒီဟာကို အလေးအနက်မထားဘဲနဲ့ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေများ ရှိခဲ့တယ်ဆိုတာ သက်သေအထင်အရှား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာကော ကျနော်တို့ ပြည်ထောင်စုလွှတ်တော်အနေနဲ့ ဒီလိုမျိုး အကြံပြုချက်များကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားပြီးတော့ နိုင်ငံတကာစံနှုန်း၊ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေနဲ့ နိုင်ငံသားတို့ရဲ့ အခြေခံ အခွင့်အရေးတွေနဲ့ မကိုက်ညီတဲ့ ဥပဒေများကို ပြဋ္ဌာန်းခြင်း မပြုဖို့အတွက် လေးလေးနက်နက် တိုက်တွန်းရင်းနဲ့ တင်ပြအပ်ပါတယ်။”

လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အပိုင်း အားနည်းတာတွေ၊ ကော်မရှင်ရဲ့ တင်ပြချက်တွေကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်မှု အားနည်းတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာလည်း ကော်မရှင်က ထိထိရောက်ရောက် ဟန့်တားကာကွယ်နိုင်ခြင်း မရှိတာတွေကို ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013