DVB Logo
Home
မြန်မာသတင်း
ဥပဒေမေဂျာ တတိယနှစ်တွင် လူ့အခွင့်အရေးဘာသာရပ် ထည့်သွင်းသင်ကြားရန် စီစဉ်
DVB
·
July 29, 2016
ဥပဒေမေဂျာ တတိယနှစ်တွင် လူ့အခွင့်အရေးဘာသာရပ် ထည့်သွင်းသင်ကြားရန် စီစဉ်
Donate to DVB

တက္ကသိုလ် ဥပဒေမေဂျာ တတိယနှစ်မှာ လူ့အခွင့်အရေး ဘာသာရပ်ကို ထည့်သွင်းသင်ကြားဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ယခင်က အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်ထဲမှာ အပိုင်းတပိုင်း အနေနဲ့သာ ပါဝင်နေတဲ့အတွက် တက္ကသိုလ် ဥပဒေတန်း တတိယနှစ်မှာ သီးသန့် ဘာသာရပ်အနေနဲ့ ထည့်သွင်းဖို့ စီစဉ်နေကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တက္ကသိုလ် ၁၄ ခုက ဥပဒေနဲ့ပတ်သက်တဲ့ ဆရာ ဆရာမတွေကို ရန်ကုန်မြို့မှာ လူ့အခွင့်အရေးကော်မရှင်က စီစဉ်မှုနဲ့ ၃ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

“လူ့အခွင့်အရေးဆိုတာက လူတိုင်းနဲ့ သက်ဆိုင်တယ်ပေါ့နော်။ အဲဒါကြောင့်မို့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအရလည်း ကာကွယ်ဖို့ လိုအပ်တဲ့အတွက်ကြောင့် ကျမတို့က အရင်တုန်းကကျတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်ထဲမှာ အပိုင်းတပိုင်း အနေနဲ့တော့ ပါပါတယ်။ ဒါပေမယ့် အခုကတော့ သပ်သပ်ပေါ့နော်၊ မယူမနေရ ဘာသာရပ်တခုအနေနဲ့ Human Resource တတိယနှစ်မှာ ထည့်သွင်းပြီးတော့ သင်ကြားပေးဖို့ အဲဒါအတွက်ပါ။ အဲဒါကြောင့်မို့ ဒီ Workshop လုပ်ရတာပါ” လို့ တောင်ကြီးတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာနီလာစိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ့အရေးနဲ့ပတ်သက်ပြီး သိရှိမှု အားနည်းနေသေးတဲ့အတွက် ကျောင်းသား ကျောင်းသူတွေ အနေနဲ့ မဖြစ်မနေ သင်ကြားသင့်တယ်လို့လည်း တက္ကသိုလ်ဆရာတွေက ပြောကြားကြပါတယ်။

“Human Rights တွေနဲ့ ပတ်သက်တဲ့ အချက်တွေ တော်တော်များများသည် ကျနော်တို့တောင်မှ သင်ခဲ့ရတဲ့ ဘာသာရပ်တခု မဟုတ်ဘူး။ အဲတော့ ခုချိန်မှာ ကျနော်တို့ Human Right သည် ဘာလဲဆို ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ အများကြီးလိုအပ်တယ်။ အများကြီးသိဖို့လိုသလို၊ ကျနော်တို့လည်း သိဖို့လိုသလို ကျောင်းသားကျောင်းသူတွေ သိဖို့လိုတယ်” လို့ ပြည်တက္ကသိုလ် ဥပဒေပညာဌာနမှ ကထိက/ဌာနမှူး ဦးမိုးမြင့်ကျော်က ပြောပါတယ်။

တက္ကသိုလ် ဥပဒေမေဂျာရဲ့ တတိယနှစ်မှာ လူ့အခွင့်အရေးဘာသာရပ်ကို ထည့်သွင်းသင်ကြားဖို့ ပညာရေးဝန်ကြီးဌာနက ခွင့်ပြုထားပြီး လာမယ့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ ထည့်သွင်းဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သင်ရိုးညွှန်တန်း ရေးဆွဲမှုကိုတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ရှိပ်ဆီး (SHAPE-SEA) နဲ့ မဟီဒေါ (Mahidol) တက္ကသိုလ် စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဥပဒေသင်တန်း ဆရာ ဆရာမတွေ ရန်ကုန်မြို့မှာ ဇူလိုင် ၂၅ ရက်ကနေ ၂၇ ရက်ထိ ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013