DVB Logo
Home
မြန်မာသတင်း
မြန်မာအိမ်ဖော်ကို သတ်မှုဖြင့် စင်ကာပူ သားအမိ ၂ ဦးကို စွဲချက်တင်
DVB
·
July 29, 2016
မြန်မာအိမ်ဖော်ကို သတ်မှုဖြင့် စင်ကာပူ သားအမိ ၂ ဦးကို စွဲချက်တင်
Donate to DVB

စင်ကာပူနိုင်ငံမှာ မြန်မာအိမ်ဖော်တဦးကို သတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်ကာပူသားအမိ ၂ ဦးကို ဖမ်းဆီး စွဲချက်တင်လိုက်ပါတယ်။

ဇူလိုင် ၂၇ ရက်က အသက် ၅၈ နှစ်အရွယ် Prema Naraynasamy နဲ့ အသက် ၃၆ နှစ်ရှိ Gaiyathiri Murugayan တို့ ၂ ဦးကို ဖမ်းဆီးလိုက်တာလို့ စထရိတ်တိုင်းမ်သတင်းက ရေးပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ် ဒင်းပီရွာကနေ အိမ်ဖော်အဖြစ် လာရောက်လုပ်ကိုင်တဲ့ အသက် ၂၄ နှစ်အရွယ် Piang Ngaih Don ကို သတ်တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဇူလိုင် ၂၆ ရက် နေ့လယ် ၁၁ နာရီလောက်မှာ ရဲတပ်ဖွဲ့က အကူအညီတောင်းခံတဲ့ ဖုန်းခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့ပြီး ရောက်သွားတဲ့ အချိန်မှာတော့ Piang က မလှုပ်မရှားနိုင်ဖြစ်ကာ သေဆုံးနေတယ်လို့ ဆိုပါတယ်။

အနီးနားမှာ Piang ရဲ့ ရွာအနီးကနေ အတူလာလုပ်တဲ့သူ တဦးကတော့ Piang ဟာ အေးဆေးနေတတ်တဲ့သူတဦးဖြစ်သလို စင်ကာပူမလာခင် ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်ခဲ့ပြီး မိသားစုကို ပိုမိုထောက်ပံ့လိုတဲ့အတွက် စင်ကာပူမှာ အလုပ်လာလုပ်တာလို့ ပြောပါတယ်။

ဒီနှစ်ထဲမှာ Piang ဟာ သူ့ရဲ့အစ်ကိုကို ဖုန်းခေါ်ပြီး နောက်လ အိမ်ပြန်ဖို့အတွက် ပြောဆိုခဲ့ပေမယ့် လေယာဉ်လက်မှတ်ဖိုးငွေ မလောက်မှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

သူဟာ ဒီအိမ်မှာ အလုပ်လုပ်နေတာ တနှစ်နီးပါး ရှိနေပြီလို့လည်း ဆိုပါတယ်။

ဒီအနီးပတ်ဝန်းကျင်မှာ အလုပ်လုပ်တဲ့ အိမ်ဖော်တွေကတော့ Piang ကို ဆံပင်တိုတို အရပ်ပုပုနဲ့ ပြတင်းပေါက်ကို သန့်ရှင်းရေးလုပ်တဲ့အချိန်နဲ့ အ၀တ်လှန်းတဲ့ အချိန်မှာသာ မြင်ဖူးတယ်လို့ ဆိုပါတယ်။

အပြစ်ရှိကြောင်း တွေ့ရင်တော့ သံသယရှိသူ ၂ ဦးဟာ သေဒဏ်နဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013