DVB Logo
Home
မြန်မာသတင်း
ဝ၊ မိုင်းလားအထူးဒေသ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံ (ဓာတ်ပုံ)
DVB
·
July 29, 2016
ဝ၊ မိုင်းလားအထူးဒေသ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံ (ဓာတ်ပုံ)
1 / 15
Donate to DVB

ဝနဲ့ မိုင်းလား အထူးဒေသ  က ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးပေါင်ယူယိ ဦးဆောင်တဲ့ အဖွဲ့ဝင် ၉၀ လောက်ဟာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့မနက် ၁၀ နာရီမှာ နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ တွေ့ဆုံနေကြပါတယ်။

ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးပေါင်ယူယိ နဲ့ မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်တဲ့အဖွဲ့တို့ တခါတည်း ပူးတွဲတွေ့ဆုံတာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအကြိုပြင်ဆင်ရေးကော်မီတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဝ နဲ့မိုင်းလား အထူဒေသက အဖွဲ့ဝင် ၉၀ ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ဇူလိုင် ၂၇ ရက်နေ့ကတည်းက နေပြည်တော်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013