DVB Logo
Home
မြန်မာသတင်း
မိုင်ဂျာယန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများ ဆွေးနွေး
DVB
·
July 28, 2016
မိုင်ဂျာယန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများ ဆွေးနွေး
Donate to DVB

မိုင်ဂျာယန်မှာကျင်းပနေတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီ အစည်းအဝေးမှာ  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူတွေကို ဆွေးနွေးခဲ့ ကြပါတယ်။

၃ ရက်မြောက်နေ့အဖြစ် ဒီနေ့ ဇူလိုင် ၂၈ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲမလုပ်ဘဲ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အဓိကအားဖြင့် ညီညွတ်သော တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) နဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့က တင်သွင်းလာတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူတွေ စာတမ်း ၂ စောင်အပေါ် အခြေခံပြီး ဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနဲ့ ပတ်သက်ပြီး အခြေခံရမယ့် မူတွေအဖြစ် ပြည်ထောင်စုတပ်မတော်ကို အရပ်ဘက်အုပ်ချုပ်မှုအောက်မှာ ထားရှိရေး၊ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံသားတွေကို ကာကွယ်ရေးအပါအ၀င် အခြား အခြေခံအချက် ၁၀ ချက်ကို ဘုံသဘောထားအဖြစ်စုစည်းပြီး ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိ နေသေးတဲ့ အခြေခံမူတွေကို စုစည်းဖို့အတွက် အလုပ်အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

ဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်နှစ်ခုဖြစ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး အတွက် အကြိုညှိနှိုင်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ခြင်း ဆိုင်ရာနိုင်ငံရေး ဘုံသဘောထားရပ်တည်ချက်ရယူရေးတို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပင်လုံလက်စွဲစာတမ်း ဆွေးနွေးအတည်ပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေအတွက် အခြေခံမူတွေ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာအခြေခံမူတွေနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် ပြင်ဆင်ရေးတို့ကို ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013