DVB Logo
Home
မြန်မာသတင်း
မြန်မာဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျုကို မြန်မာစီးပွားရေး ပညာရှင် ဦးဆောင်မည်
DVB
·
July 28, 2016
မြန်မာဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျုကို မြန်မာစီးပွားရေး ပညာရှင် ဦးဆောင်မည်
Donate to DVB

စီးပွားရေးနည်းဗျူဟာ အကြံပေးအဖွဲ့အဖြစ် မကြာခင် တည်ထောင်ဖွင့်လှစ်မယ့် မြန်မာဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျုရဲ့ ညွှန်ကြားရေးမှူးအဖြစ် ကမ္ဘာ့ဘဏ်မှာ ဆင်းရဲမွဲတေမှုဆိုင်ရာ ကျွမ်းကျင်သူနဲ့ စီးပွားရေးပညာရှင်အဖြစ် ထမ်းဆောင်နေတဲ့ မြန်မာတဦးကို ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အစိုးရရဲ့ အကူအညီနဲ့ ထူထောင်မယ့် ဒီအင်စတီကျုရဲ့ ညွှန်ကြားရေးမှူးအဖြစ် ဦးမင်းရဲပိုင်ဟိန်းက ဆောင်ရွက်သွားမယ်လို့ တောင်ကိုရီးယား သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာလလောက်မှာ စတင်ပြီး ညွှန်ကြားရေးမှူးအဖြစ် ဦးမင်းရဲပိုင်ဟိန်းက တာဝန်ယူသွားနိုင်တယ်လို့ ကိုရီးယား ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျုက ဇူလိုင် ၂၆ ရက် ပြောဆိုချက်ကို ကိုးကားပြီး သတင်းက ရေးပါတယ်။

အင်စတီကျုဟာ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဖို့ ရည်ရွယ်ကာ သုတေသန အမြောက်အမြားကို ဆောင်ရွက်ဖို့ရှိပြီး မြန်မာ့စီးပွားရေး နည်းဗျူဟာ အကြံပေးအဖွဲ့အဖြစ် ဦးဆောင် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

ဦးမင်းရဲပိုင်ဟိန်းဟာ အမေရိကန်ပြည်ထောင်စု ၀က်စ်ကောင်ဆင်တက္ကသိုလ်ကနေ လူမှုရေးသိပ္ပံ၊ နိုင်ငံရေးဘောဂဗေဒနဲ့ ပါရဂူဘွဲ့ ရရှိခဲ့ပြီး မြန်မာ၊ အင်္ဂလိပ်နဲ့ တရုတ် မက်ဒရင်း ဘာသာစကားတွေကို ကျွမ်းကျင်တယ်လို့ ဆိုပါတယ်။

အင်စတီကျုကို နေပြည်တော်မှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013