DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် တရားမ၀င်အလုပ်သမားဖမ်းဆီး၍ မြန်မာများသောင်ရင်းမြစ်ထဲဆင်းပြေး
DVB
·
July 28, 2016
မဲဆောက်တွင် တရားမ၀င်အလုပ်သမားဖမ်းဆီး၍ မြန်မာများသောင်ရင်းမြစ်ထဲဆင်းပြေး
1 / 6
Donate to DVB

အခုတပတ်အတွင်း ထိုင်းနိုင်ငံမှာ တရားမ၀င်အလုပ်သမားနှိမ်နင်းရေးတွေ နေရာအနှံ့ဆောင်ရွက်နေရာမှာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာလည်း ဒီကနေ့မနက်က အဖမ်းအဆီးရှိလို့ မြန်မာ အလုပ်သမားတွေ သောင်ရင်းမြစ်ရှိ ကိုင်းပင်တွေကြားထဲ ထွက်ပြေး ပုန်းရှောင်ခဲ့ကြပါတယ်။

မဲဆောက်မြို့နယ်မှူး နိုင်းထနယုဒ် ဘန်ခေါဝ် ဦးဆောင်သော စစ်တပ် နဲ့ ရဲတွေပါတဲ့ စစ်ဆေးရေး အဖွဲ့ဝင်အင်အား ၁၀၀ ကျော်ဟာ ဒီကနေ့မနက် ၆ နာရီက မဲဆောက်မြို့ ထာ့ဆိုင်လုတ်ရပ်ကွက် ကုန်တင်ကုန်ချကုတို့ဆိပ်အနီးရှိ တဲအိမ်စုတစုကို ၀င်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေ ရောက်ရှိသွားတဲ့အချိန်မှာ တဲတွင်းနေထိုင်သူများ တဦးကိုတဦး အချက်ပေးပြီး ကစင့်ကလျားထွက်ပြေးကြကြောင်း၊ အချို့က သောင်ရင်းမြစ်ထဲရှိ ကိုင်းပင်တွေထဲ သွားရောက် ပုန်းခိုနေပေမယ့် နောက်ဆုံးပြေးမလွတ်ဘဲ အားလုံးကို ဖမ်းမိခဲ့တယ်လို့ တာဝန်ကျ ထိုင်းဝန်ထမ်း တဦးက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီမှာ ဒီမနက်က ဖမ်းဆီးရမိသူ အမျိုးသမီးရော အမျိုးသားပါ စုစုပေါင်း ၈၉ ဦးရှိပြီး အားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း၊ လိုအပ်သလိုအရေးယူပြီးရင် နေရင်းနိုင်ငံပြန်ပို့မယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် သူတို့နေထိုင်တဲ့ တဲအိမ်တွေအတွင်း ၂ နာရီကြာ ၀င်ရောက်စစ်ဆေးရာမှာ နေအိမ် အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ အိမ်အသုံးအဆောင်တွေရော၊ ထိုင်းအိမ်မှတဆင့် လျှပ်စစ်မီးကြိုး ခိုးယူ သွယ်တန်းထားတာတွေ တွေ့ရှိရတယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ ပန်းရောင်နေထိုင်ခွင့်ကတ်ရှိသူ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားတွေကို ဇူလိုင်လ ၂၉ ရက်နောက်ဆုံးထားပြီး သက်တမ်းသွားတိုးကြဖို့ သက်ဆိုင်ရာက နှိုးဆော်ထားပြီး ၂၉ ရက်နောက်ပိုင်း နေထိုင်ခွင့် အထောက်အထားမရှိသူ၊ အလုပ်သမားဥပဒေနဲ့ မညီညွတ်သူတွေကို ဖမ်းဆီးနှိမ်နင်းမယ်လို့ တရားဝင်ကြေညာထား ပေမယ့် ၂၉ ရက်မတိုင်ခင် အခုလိုအဖမ်းအဆီးတွေ နေ့စဉ်ရက်ဆက်ဖြစ်နေတာပါ။
ဓာတ်ပုံ - manager.co.th

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013