DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မော်လိုက်မြို့နယ်တွင် ရေဘေးဒုက္ခသည်ဦးရေ တိုးလာ
DVB
·
July 28, 2016
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မော်လိုက်မြို့နယ်တွင် ရေဘေးဒုက္ခသည်ဦးရေ တိုးလာ
1 / 9
Donate to DVB

ချင်းတွင်းမြစ်ရေ ဆက်လက်မြင့်တက်လာမှုကြောင့် မော်လိုက်မြို့ရှိ ရပ်ကွက်များနဲ့ မြို့ပတ်ဝန်းကျင်ကျေးရွာများမှာ အိမ်ခြေအများအပြားရေနစ်မြှုပ်နေပြီး ရေဘေးဒုက္ခသည်တွေ တိုးပွားလာပါတယ်။

ချင်းတွင်းမြစ်ရေမှာ အခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာတာကြောင့် မော်လိုက်မြို့နယ် ကျေးရွာတွေက ရေဘေးဒုက္ခသည်တွေဟာ မြို့ပေါ်ရှိ ရေလွတ်ရာနေရာတွေမှာ ခိုလှုံနေကြရတာပါ။

"အခု ကျမတို့ မော်လိုက်မြို့ပေါ်ကတော့ ရပ်ကွက် ၅ ရပ်ကွက်ရေမြှုပ်သွားပြီ မြို့ပတ်ဝန်းကျင် ရွာတွေကပိုဆိုးတယ် စာသင်ကျောင်းတချို့ဆို ရေမြှုပ်လို့ ပိတ်ထားရတာ ၁ လနီးပါးတောင်ရှိ တော့မယ် အခု မြို့ထဲက ရေလွတ်တဲ့နေရာတွေမှာလည်း ရေဘေးဒုက္ခသည်တွေ တနေ့တခြား များလာတယ် ရေလွတ်တဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေက လက်ခံထားရတယ် တချို့ တဲထိုးနေကြတာတွေလည်းရှိတယ်"လို့ မော်လိုက်မြို့ခံ ဒေါ်နှင်းရည်က ပြောကြားပါတယ်။

လက်ရှိအခြေနေမှာတော့ မြို့နယ် မီးသတ်တပ်ဝင်ဖွဲ့များ။ ရဲတပ်ဖွဲ့ဝင်များနဲ့ လူမှု အဖွဲ့အစည်းများက ရေဘေးဒုက္ခသည်များကို နေရာပြောင်းရွှေ့ပေးနေတယ်လို့သိရပြီး ဆေးဝါးကအစ အကူအညီတွေလည်း လိုအပ်နေတယ်လို့ မော်လိုက်မြို့နေ ရေဘေး အကူညီပေးနေသူ လူမှုအဖွဲ့အစည်းတခုမှ ကိုဝင်းမင်းသိန်းက အခုလိုပြောပါတယ်။
"တချို့ရွာတွေမှာ အိမ်တွေက မြစ်ကမ်းဘေးမှာ ဆောက်ထားကြတော့ ရေစီးသန်တာကြောင့် ပျက်စီးကုန်တယ် အခု သူတို့ကို မြို့ပေါ်က ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာ ဆွေမျိုးသားချင်း အိမ်တွေကို ပို့ပေးခဲ့ပါတယ် အကူညီကတော့ လိုတာပေါ့ဗျာ အဓိက ရွာတွေမှာတော့ ဆေးဝါးနဲ့ သောက်ရေသန့်ပေါ့၊ တခြားအရာတွေလည်း အကူညီတွေလိုပါတယ်၊ ကျနော်တို့ ကတော့ ကိုယ်တတ်နိုင်သလောက်ကူညီခဲ့ပါတယ် " လို့ ပြောပါတယ်။

မော်လိုက်မြို့ရဲ့ စိုးရိမ်ချိန်ရေအမှတ်ဟာ ၁၂၃၀ စင်တီမီတာရှိပြီး ဇူလိုင်လ ၂၈ ရက်နေ့မှာတော့ ၁၄၃၆ စင်တီမီတာရှိနေတဲ့အတွက် စိုးရိမ်ချိန်ရေအမှတ်ထက် ကျော်လွန်နေ ပါတယ်။
သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013