DVB Logo
Home
မြန်မာသတင်း
မော်တော်ယာဉ်တင်သွင်းခွင့် ပြောင်းလဲပြင်ဆင်လိုက်သည့်အတွက် ယာဉ်အိုအပ်နှံစလစ်တန်ဖိုး မြင့်တက်
DVB
·
July 28, 2016
မော်တော်ယာဉ်တင်သွင်းခွင့် ပြောင်းလဲပြင်ဆင်လိုက်သည့်အတွက် ယာဉ်အိုအပ်နှံစလစ်တန်ဖိုး မြင့်တက်
Donate to DVB

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက မော်တော်ယာဉ်တင်သွင်းခွင့်နဲ့ ပတ်သက်လို့ ကြေညာချက်ကို ပြောင်းလဲပြင်ဆင်လိုက်တဲ့အတွက် ယာဉ်အိုအပ်နှံစလစ် တန်ဖိုးက ဈေးကွက်ထဲမှာ ရုတ်ချည်း မြင့်တက်သွားပါတယ်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပစ်ကပ်အမျိုးအစား မော်တော်ယာဉ်တွေနဲ့ ပတ်သက်ပြီး ယာဉ်ပိုင်ရှင်တွေ လာရောက်အပ်နှံပါက မော်တော်ယာဉ် တင်သွင်းခွင့်ကိုလည်း အိမ်စီးကား အမျိုးအစားကနေ တင်သွင်းခွင့် ပြုထားတာပါ။

ဒါပေမယ့် ဇူလိုင် ၂၆ ရက်နေ့ကစပြီး ပစ်ကပ်အမျိုးအစား မော်တော်ယာဉ်တွေကို အမျိုးအစားတူယာဉ်သာ တင်သွင်းခွင့်ပြုတော့မယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ပြောင်းလဲပြင်ဆင်လိုက်ပါတယ်။

အခုလို ပြောင်းလဲလိုက်တဲ့ ကြေညာချက်ကြောင့် ရန်ကုန် ကားဝယ်ရောင်းဈေးကွက်ထဲမှာ ယာဉ်အိုအပ်နှံစလစ်တန်ဖိုးက ရုတ်တရက် မြင့်တက်သွားတယ်လို့ မြန်မာမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“ကျနော်တို့ ပစ်ကပ်အပ်တဲ့ ယာဉ်အိုယာဉ်ဟောင်းစလစ်ကို အရင်တုန်းကတော့ အိမ်စီးကားသွင်းလို့ရတဲ့ အနေအထားရှိတယ်။ အခုကြေညာချက်အရတော့ ပစ်ကပ်အမျိုးအစားပဲ အမျိုးအစားတူ ပြန်သွင်းရမယ်ဆိုတာ ပါပါတယ်။ ပါတဲ့အတွက်ကြောင့်မို့ လောလောဆယ် ကျနော်တို့ ယာဉ်အိုယာဉ်ဟောင်း ကားဈေးတက်သွားတာပေါ့နော်။ တစီးကို လေးငါးဆယ်သိန်း လောလောဆယ် တက်သွားတဲ့ အနေအထားမျိုးတွေ ကျနော်တို့တွေ့တယ်။ စလစ်ရှားပါးမှု ဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်။ နောက်တခုကတော့ ကျနော်တို့ လက်ရှိအနေအထားမှာ ပစ်ကပ်တွေကို ကျနော်တို့ ၂၀၀၆ နဲ့ အထက်ကို အတိုးအရင်းပါမစ်နဲ့ ပေးသွင်းတာရှိတယ်။ နောက် ကုမ္ပဏီနာမည်နဲ့ ပေးသွင်းတာရှိတယ်။ ဒါတွေကျတော့ စလစ်မလိုတဲ့ အတွက်ကြောင့်မို့ ဒီပစ်ကပ်စလစ်ကတော့ လက်ရှိအနေအထားမှာ အရောင်းမ၀ယ်မဖြစ်ဘူး။”

သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းက မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒနဲ့ ပတ်သက်လို့ ရုတ်တရက် ပြောင်းလဲလိုက်တာက တနိုင်တပိုင်နဲ့ ကားတင်သွင်းရောင်းချနေတဲ့ လုပ်ငန်းအားလုံးကို ထိခိုက်မှုရှိစေတယ်လို့ ဈေးကွက်ကျွမ်းကျင်သူ တဦးဖြစ်တဲ့ KL7 ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ဦးကြည်သာဟန်က ထောက်ပြပြောဆိုပါတယ်။

“ပစ်ကပ်တွေ နဂိုကတည်းက မရဘူးဆိုရင် ဘယ်သူမှမလုပ်ဘူးပေါ့။ ဒီပစ်ကပ်တွေ ရတယ်ဆိုတော့ ပစ်ကပ်တွေနဲ့ပဲ စက်မှုဇုန်စလစ်တွေဘာတွေ ထုတ်တာတွေရှိတယ်။ ရှိတဲ့အခါကျတော့ အားလုံးကလည်း ဒီစလစ်တွေထုတ်နေတော့ တယောက်တည်းမဟုတ်ဘူး။ တပိုင်တနိုင်ပဲဖြစ်ဖြစ်၊ စလစ်တွေလုပ်ပေးတဲ့ ကိုယ်စားလှယ်ပဲဖြစ်ပါစေ၊ ကျနော်တို့ အရောင်းစင်တာတွေပဲဖြစ်စေ အခုထွက်လာတဲ့ဟာတွေ ဒါတွေထွက်လာပြီဆိုရင် အခုလောလောဆယ် ပြန်ပြီးတော့ ကျနော်တို့ ဂျစ်ကားတို့ဘာတို့ ပြန်ရှာရတော့မယ်။ အနှစ် ၂၀ ကားတို့၊ ဒီအနှစ် ၂၀ ကားဆိုရင် ဘယ်လောက်ထိ ဈေးတက်သွားပြီလဲဆိုရင် ဒီနေ့စလစ်ဈေးဆိုရင် ၁၀၀ ၀န်းကျင်လောက်အထိ ဖြစ်သွားပြီ။”

လက်ရှိမှာဆိုရင်လည်း ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်ကားပါမစ်နဲ့ ပတ်သက်လို့ မူဝါဒ ထုတ်ပြန်နိုင်ခြင်း မရှိသေးတဲ့အပြင် ပစ်ကပ်အမျိုးအစား ယာဉ်အိုအပ်နှံတင်သွင်းခွင့်ကိုလည်း ပြောင်းလဲလိုက်တဲ့အတွက် စလစ်တန်ဖိုးနဲ့အတူ ကားဈေးတွေကတော့ မြင့်တက်သွားပြီး အရောင်းအ၀ယ်ကတော့ အေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013