DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင်အသုံးမပြုတော့မည့် ရေအိမ်ဇလားများ မြန်မာနယ်စပ်သို့ အများအပြားတင်သွင်း
DVB
·
July 28, 2016
ထိုင်းတွင်အသုံးမပြုတော့မည့် ရေအိမ်ဇလားများ မြန်မာနယ်စပ်သို့ အများအပြားတင်သွင်း
Donate to DVB

ရေအိမ် (အိမ်သာ) တွေမှာ ဆောင့်ကြောင့်ထိုင်ပြီး သွားရတဲ့ ကြွေဇလားတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် ဆက်ပြီးအသုံးမပြုဖို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပြီးတဲ့နောက် နယ်စပ်ကနေ မြန်မာနိုင်ငံထဲကို တင်သွင်းမှု များနေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းပြည်သူတွေ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ခေတ်မီစေဖို့အတွက် ဆောင့်ကြောင့်ထိုင် အိမ်သာမှ ဘိုထိုင်အိမ်သာတွေ ပြောင်းလဲအသုံးပြုဖို့၊ အစိုးရ ဌာနဆိုင်ရာရှိ ရေအိမ်တွေကိုလည်း ဘိုထိုင်ရေအိမ်အဖြစ် ရက်ပေါင်း ၁၂၀ အတွင်း အပြီးပြောင်းလဲဖို့  ထိုင်းအစိုးရ ပြန်တမ်းဌာနက ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

ကြေညာချက် ပေါ်ထွက်ပြီးတဲ့နောက် ထိုင်းနိုင်ငံထုတ် ဆောင့်ကြောင့်ထိုင် ရေအိမ်ဇလားတွေကို မြန်မာပြည်က ကုန်သည်တွေ မြ၀တီ ချစ်ကြည်ရေးတံတားဂိတ်ကနေ အများအပြား မှာယူတင်သွင်းနေတယ်လို့ တာ့ခ်ခရိုင် မဲဆောက်ရှိ လုပ်ငန်းရှင်တဦးက ထိုင်းရတ်သတင်းထောက်ကို ပြောပါတယ်။

မြန်မာကုန်သည်တဦးကလည်း ထိုင်းနိုင်ငံမှာ မကြာခင် ဆောင့်ကြောင့်ထိုင် ရေဇလား ထုတ်လုပ်မှုတွေ ရပ်စဲသွားမှာ စိုးတဲ့အတွက် အခုလို အများအပြား ၀ယ်ယူသိုလှောင်ထားရတာဖြစ်ကြောင်း၊ နောက်နောင် မြန်မာပြည်မှာလည်း ရေဇလားထုတ်လုပ်တဲ့ စက်ရုံတွေ ပေါ်လာတော့မယ်လို့ ပြောသွားပါတယ်။

ဆောင့်ကြောင့်ထိုင်အိမ်သာ အသုံးပြုခြင်းအားဖြင့် အသက်ကြီးလာရင် ဒူးခေါင်းနာရောဂါ ရနိုင်ကြောင်း၊ အဆိုပါရေအိမ်ဟာ ၀တဲ့သူတွေ၊ အရိုးပျော့ရောဂါရှိသူတွေ၊ အာရုံကြောအားနည်းသူတွေ၊ အသက်ကြီးသူတွေအတွက်လည်း မသင့်လျော်ကြောင်း၊ အနံ့အသက်တွေလည်း ပိုထွက်ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013