DVB Logo
Home
မြန်မာသတင်း
မှုခင်းကျဆင်းရေး ပြည်သူလူထု ပူးပေါင်းကူညီရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် တိုက်တွန်း
DVB
·
July 28, 2016
မှုခင်းကျဆင်းရေး ပြည်သူလူထု ပူးပေါင်းကူညီရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် တိုက်တွန်း
Donate to DVB

ရန်ကုန်တိုင်း ၈ မြို့နယ် မှုခင်းကျဆင်းရေး အစိုးရဘက်က ကူညီဆောင်ရွက်မှုတွေ လုပ်ပေးချိန်မှာ အုပ်ချုပ်ရေးမှူးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူလူထုတွေ အားလုံးပါဝင် ကူညီဆောင်ရွက်ပေးဖို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ လုပ်ဆောင်နေတဲ့ ၄ မြို့နယ် မှုခင်းကျဆင်းရေး ရှေ့ပြေးစီမံချက်မှာ ကြုံတွေ့ခဲ့ရတဲ့ အားသာချက်၊ အားနည်းချက်တွေကိုဖြည့်ပြီး ၈ မြို့နယ် တိုးမြှင့်ဆောင်ရွက်သွားဖို့ ရှိနေတာပါ။

သြဂုတ် ၁ ရက်နေ့မှာ စတင်လုပ်ဆောင်မယ့် ဒီ ၈ မြို့နယ်စီမံချက်မှာ လုံခြုံရေးအင်အားတွေ နည်းပါးနေတာကြောင့် မိဘပြည်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ ပူးပေါင်းဆောင်ရွက်ပေးဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင် ၂၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်တာပါ။

“ကျနော်တို့ ရှေ့ဆက်ဆောင်ရွက်မယ့် ၈ မြို့နယ်အတွက်လည်း ဒီ့ထက်ပိုပြီး အင်တိုက်အားတိုက် လုပ်နိုင်ဖို့အတွက် အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေကိုလည်း အချိန်မီဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ကြိုးစားမှာဖြစ်ပါတယ်။ ပြည်သူလူထုဘက်ကလည်း ပူးပေါင်းပါဝင်ဖို့အတွက် အုပ်ချုပ်ရေးတွေဘက်က အဓိက ကြိုးပမ်းဆောင်ရွက်ဖို့ လိုပါမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်း လူထုကို တိုက်တွန်းပေးဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။”

၎ မြို့နယ် မှုခင်းကျဆင်းရေး လုပ်ဆောင်ရာမှာ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူအားလုံး ထပ်တူကျခဲ့လို့ အောင်မြင်မှုရခဲ့တာကြောင့် အခု ၈ မြို့နယ် ထပ်တိုး ဆောင်ရွက်တာ ဖြစ်တယ်၊ ဒီလို ထပ်တိုးဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ ရဲဝန်ထမ်းတွေကိုလည်း အထက်လူကြီးတွေကို တင်ပြထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲမှူးလှဝေက ပြောပါတယ်။

“ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တံတားတွေ၊ လမ်းတွေ၊ တချို့ အရေးကြီးပုဂ္ဂိုလ် လုံခြုံရေးတွေမှာ ကျနော်တို့ လုံခြုံရေးအင်အားတွေ ဖြန့်ခွဲထားတယ်။ အဲဒီ ဖြန့်ခွဲတာတွေကို အကြီးအကဲတွေဆီကို တင်ပြပြီးတော့ ပြီးခဲ့တဲ့ အပတ်ကတော့ ၂၀၀ ပေးတယ်။ အဲဒီအဖွဲ့တွေ ပြန်ဝင်ပြီးပြီဆို ကျနော်တို့ နယ်မြေရဲတပ်ဖွဲ့က အဲဒီက ၂၅၀ လောက် ပြန်ထွက်လာမယ်ဆိုရင် အဲဒီ ၂၅၀ နဲ့ ကျနော်တို့ ပြန်ဖြန့်ခွဲလိုက်မယ်ဆိုရင်တော့ လုံလုံလောက်လောက် ဖြစ်သွားပါလိမ့်မယ်။”

ကျန်ခဲ့တဲ့လက တလတာ စမ်းသပ်လုပ်ဆောင်ခဲ့တဲ့ ၄ မြို့နယ် မှုခင်းကျဆင်းရေး စီမံချက်မှာ ပုံမှန်အခြေအနေတွေထက် ကျော်လွန်ပြီး လူသတ်မှုပေါင်း ၆ မှု အပါအဝင် အမှုအခင်းပေါင်း ၁၀၉ မှုကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဟိန်းကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013