DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရက် ၁၀၀ စီမံချက်အတွင်း ပြစ်မှုပေါင်း ၄၀၀၀ ကျော်ရှိ
DVB
·
July 27, 2016
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရက် ၁၀၀ စီမံချက်အတွင်း ပြစ်မှုပေါင်း ၄၀၀၀ ကျော်ရှိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ရက် ၁၀၀ စီမံချက်အတွင်းမှာ အမှုဖွင့် အရေးယူခဲ့သော ပြစ်မှုပေါင်း ၄၀၀၀ ကျော်ရှိခဲ့ပါတယ်။

ပြစ်မှုကြီးတချို့ကို ဖမ်းဆီးအရေးယူရာမှာ တိုင်းဒေသကြီးအစိုးရဲ့ ညွန်ကြားချက် အတိုင်း မှုခင်းကြိုတင်ကာကွယ်ခြင်းနဲ့ သတင်းအရ ရှောင်တခင် ဖမ်းဆီးအရေးယူမှုတွေ လည်း ပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး ဦးတင့်ဝေက ပြောကြားပါတယ်။

ရက် ၁၀၀ စီမံချက်အရ တိုင်းဒေသကြီးအတွင်းမှာ ပြစ်မှုကြီး ၆၀ မှု၊ တခြားအမှု ၁၀၃၅ မှု၊ ယစ်မျိုးအပါဝင် ကြိုတင်ကာကွယ်မှု ၃၁၅၅ မှုရှိပြီး ပြစ်မှုစုစုပေါင်း ၄၂၅၀ ရှိတယ်လို့ သိရပါတယ်။

အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်မှာ တိုင်းဒေသကြီးအလိုက် ပြည်နယ်အလိုက် စီမံချက်ချမှတ်ခဲ့တာတွေရှိခဲ့ပြီး ရက် ၁၀၀ အတွင်းမှာလည်း ပြစ်မှုအများပြားအား ဖမ်းဆီး အရေးယူမှုတွေ ရှိခဲ့ပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013