DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဆရာဝန်တဦးက လူ ၄၀၀၀ ခန့်ကို စောင့်ရှောက်မှု ပေးနေရ
DVB
·
July 27, 2016
မြန်မာနိုင်ငံတွင် ဆရာဝန်တဦးက လူ ၄၀၀၀ ခန့်ကို စောင့်ရှောက်မှု ပေးနေရ
Donate to DVB

မြန်မာနိုင်ငံမှာ ဆရာဝန်တဦးဟာ လူပေါင်း ၄၀၀၀ ခန့်ကို ကုသစောင့်ရှောက်မှု ပေးနေရတုန်း ဖြစ်တယ်လို့ လားရှိုးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်းက ပြောပါ တယ်။

ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒုတိယသမ္မတဟောင်းတဦးလည်းဖြစ်တဲ့ ဒေါက်တာစိုင်းမောက်ခမ်းက ပြောခဲ့တာဖြစ်ပါတယ်။

ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ် တင်သွင်းတဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း အဆိုကို ထောက်ခံဆွေးနွေးစဉ် ဒေါက်တာ စိုင်းမောက်ခမ်းက ပြောခဲ့တာပါ။

“မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁သန်းအတွက် အစိုးရ၀န်ထမ်း ဆရာဝန်နဲ့ ပုဂ္ဂလိကဆရာဝန် ပေါင်းလိုက်ရင်တောင်မှ ဆရာဝန်တဦးဟာ လူပေါင်း ၄၀၀၀ ခန့်ကို စောင့်ရှောက်မှု ပေးနေရဆဲ ဖြစ်သလို အထူးကုဆရာဝန်များရဲ့ လိုအပ်ချက်လည်း ကြီးမားနေဆဲ ဖြစ်ပါတယ်။”

ထိရောက်လုံလောက်တဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ဖို့ လိုအပ်ချက်များစွာရှိပြီး ကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်ပြည်စုံမှုဟာ နံပတ်တစ် လိုအပ်ချက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် သူက ပြည်သူလူထုရဲ့ ကျန်းမာရေးအသိနဲ့ ပူးပေါင်း ပါဝင်လာမှု၊ နိုင်ငံတော်ရဲ့ စီးပွားရေးတောင့်တင်းခိုင်မာမှု၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှု၊ ကျေးလက်ဒေသအထိ လွှမ်းခြုံ နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပုဂ္ဂလိကကဏ္ဍက တိုးမြှင့်ပါဝင်လာမှုနဲ့ လူတိုင်း ကျန်းမာရေးစနစ် လွှမ်းခြုံနိုင်မှု စတဲ့ အချက်တွေနဲ့များစွာ သက်ဆိုင်တယ်လို့လည်း ဆွေးနွေးခဲ့ ပါတယ်။

ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ် တင်သွင်းတဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း အဆိုကို ဒေါက်တာစိုင်းမောက်ခမ်း အပါအ၀င် ကိုယ်စားလှယ် ၁၂ ဦးက ၀င်ရောက်ဆွေးနွေးခဲ့ကြပြီး လွှတ်တော်က မှတ်တမ်းအဖြစ်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ ဆရာဝန်ပေါင်း ၃၅၀၀၀ ကျော် ရှိပြီး ၁၁၀၀၀ ကျော်က နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013