DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ထားသည့်အသံဖိုင် ရွာထဲအသံချဲ့စက်ဖြင့်ဖွင့်မှု အရေးယူရန် တိုင်တန်း
DVB
·
July 27, 2016
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ထားသည့်အသံဖိုင် ရွာထဲအသံချဲ့စက်ဖြင့်ဖွင့်မှု အရေးယူရန် တိုင်တန်း
Donate to DVB

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုပုတ်ခတ်ထားတဲ့ အသံဖိုင်ကို ရွာထဲမှာ လော်စပီကာနဲ့ ကျယ်လောင်စွာဖွင့်တဲ့အတွက် ရဲစခန်းမှာအမှုဖွင့် တိုင်တန်းလိုက်ပါတယ်။

ပဲခူးတိုင်း ပြည်မြို့နယ် ၀က်ထီးကန်မြို့ အင်လျှားကျေးရွာမှာနေထိုင်တဲ့ ကိုမျိုးချစ် ဆိုသူက သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာနက် လူမှုကွန်ရက်ပေါ်မှာ Nyi Nyi Zaw အကောင့်ကနေတင်ပြီး ဆဲဆိုထားတဲ့ ဗွီဒီယိုဖိုင်ကို ဒေါင်းလုပ်ဆွဲကာ စပီကာနဲ့ ရွာထဲမှာ ကျယ်လောင်စွာဖွင့်တဲ့အတွက် ဇူလိုင်လ ၂၆ ရက်နေ့ညက ၀က်ထီးကန်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်တာပါ။

အဲဒီညမှာပဲ တရားစွဲခံရသူ ကိုမျိုးချစ်ကို ရဲစခန်းက (ပ)(၇၀/၂၀၁၆) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၉၄)(၅၀၀)တို့နဲ့ ဖမ်းဆီးအရေးယူလိုက်ပါတယ်။

သက်သေအဖြစ် လိုက်ပါလာတဲ့ အင်းလျားကျေးရွာမှာ နေထိုင်သူ ဦးပြည်အေး က “ဇူလိုင် ၁၀ ရက်နေ့ ညနေ ၃ နာရီခန့်ကတကြိမ် ဖွင့်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်ကို သွားရောက်အကြောင်းကြားခဲ့ပေမယ့် ဇူလိုင် ၂၁ ရက်နေ့ မနက် ၁၀ နာရီမှာတကြိမ်၊ ၂၃ ရက်နေ့ ညနေ ၅ နာရီမှာ တကြိမ်၊ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီထိုးမှာတကြိမ် အသံချဲ့စက်နဲ့ ထပ်ဖွင့်တဲ့အတွက် မြို့က အန်အယ်လ်ဒီက လူကြီးတွေနဲ့တိုင်ပင်ပြီး အခုလို အမှုဖွင့်တာ၊ ကျနော်က အခုသက်သေအဖြစ် ရဲစခန်းမှာ ဒီနေ့အစစ် ဆေးခံဖို့လာတာပါ”လို့ ပြောပါတယ်။

အသံဖိုင်ထဲမှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆို ပုတ်ခတ်ထားပါတယ်။ အဲဒီဖွင့်တဲ့ ဖုန်းကိုတော့ ရဲက သက်သေခံအနေနဲ့ သိမ်းယူထားပါ တယ်။

တရားစွဲခံရသူက ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတယောက်ဖြစ်ပြီး တရားစွဲဆိုသူက အန်အယ်လ်ဒီ ပါတီရပ်ကျေးဥက္ကဋ္ဌ ဦးအောင်ငွေက တရားလိုလုပ်ပြီး အမှုဖွင့်တိုင်ကြားတာ ဖြစ်ပါတယ်။ တိုင်ကြားခံရသူ ကိုမျိုးချစ်ကိုတော့ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တာကြောင့် အာမခံပေးထားတယ်လို့ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013