DVB Logo
Home
မြန်မာသတင်း
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျပ် ၁၀ ဘီလီယံကျော်အရှုံးပေါ်
DVB
·
July 27, 2016
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျပ် ၁၀ ဘီလီယံကျော်အရှုံးပေါ်
Donate to DVB

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကျပ်ငွေ ၁၀ ဘီလီယံကျော် အရှုံးပေါ်ခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ပြောပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရဲ့ နှစ်စဉ်အရှုံး၊ အမြတ်၊ ဘဏ္ဍာရေးဆိုင်ရာ နှစ်ချုပ်အစီရင်ခံစာကို ထုတ်ပြန်ပေးနိုင်ခြင်း ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာအောင်သူက ပြန်လည်ဖြေဆိုတာ ဖြစ်ပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလ ၂၀၀၆-၀၇ ဘဏ္ဍာနှစ်ကနေ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ အသားတင်အမြတ်စုစုပေါင်း ကျပ် ၅၄ ဒသမ ၇၄ ဘီလီယံရရှိခဲ့ပြီး နိုင်ငံတော်ကို စုစုပေါင်းကျပ် ၄၁ ဒသမ ၀၅၄ ဘီလီယံ ထည့်ဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကျပ် ၁၀ ဒသမ ၈၂၃ ဘီလီယံအရှုံးပေါ်ခဲ့တယ်လို့ ဒေါက်တာ အောင်သူက ပြောပါတယ်။ ဒီလိုအရှုံးပေါ်ရတာဟာ ၂၀၁၄-၁၅ မတိုင်မီက မြန်မာ့စီးပွားရေး ဘဏ်ကနေ အတိုးနှုန်း ၄ ရာခိုင်နှုန်းနဲ့ ချေးယူခဲ့ပြီး တောင်သူတွေကို ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ချေးနေရာကနေ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကစပြီး တောင်သူတွေကို အတိုး ၅ ရာခိုင်နှုန်း လျော့ချေးခဲ့ရတယ်လို့ ဆိုပါတယ်။

“တောင်သူကို အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က ချေးငွေတွေဟာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်းမှာ ပြန်ရတာတွေရှိလည်းရှိခဲ့တာကြောင့် အရှုံးမပေါ်ခဲ့ပေမယ့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကြွေးကျန်တွေကြောင့် စာရင်းအရ အရှုံးပေါ် ခဲ့တာဖြစ်ပေမယ့် ငွေသားဆုံးရှုံးသွားတယ်လို့ မှတ်ယူလို့ မရပါဘူး”လို့ ဒေါက်တာ အောင်သူက ပြောပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် ချေးငွေတွေ အကျေရရှိပြီးဖြစ် ပေမယ့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ကစပြီး ကောက်ခံဖို့ကျန်ငွေ ကျပ် ၈၃ ဒသမ ၆၂ သန်း၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ၉၃၅၄ ဒသမ ၆၈ သန်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ၄၇၆၆၇ ဒသမ ၄၂ သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ၁၃၆၁၄၇ ဒသမ ၀၄ သန်း၊ စုစုပေါင်း ၁၉၃၂၅၂ ဒသမ ၇၆ သန်း၊ ဘီလီယံအားဖြင့် ၁၉၃ ဒသမ ၂၅ ဘီလီယံ ကောက်ခံဖို့ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013