DVB Logo
Home
မြန်မာသတင်း
ဦးခိုင်မျိုးထွန်းကို ရုံးထုတ်စစ်ဆေး
DVB
·
July 27, 2016
ဦးခိုင်မျိုးထွန်းကို ရုံးထုတ်စစ်ဆေး
Donate to DVB

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) စည်းရုံးရေးနှင့် ပြန်ကြားရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(ဟောင်း) ခိုင်မျိုးထွန်းကို ဇူလိုင်လ ၂၅ ရက်နေ့မှာ စစ်တွေမြို့နယ် တရားရုံးရဲ့ ၀ရမ်းနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်တွေမြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။

အေအယ်လ်ပီရဲ့ မေလ ၂၄ ရက်နေ့က ကြေညာချက်မှာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ အရပ်သားတွေ အဓမ္မခိုင်းစေတာ၊ ဖမ်းဆီးခံရတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်တာတွေ တပ်မတော်က လုပ်နေပြီး စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခဲ့တဲ့အတွက် ခိုင်မျိုးထွန်းကို တရားစွဲဆိုခဲ့ ပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီကလည်း မေလ ၁၈ ရက်နေ့ကတည်းက သူ့ကို ခန့်အပ် ဗဟိုကော်မတီဝင်တာဝန်က ရပ်စဲထားတာဖြစ်ပါတယ်။

တရားစွဲဆိုထားပေမယ့် ရုံးကို လာရောက်ရှင်းလင်းတာမရှိတဲ့အတွက် သူ့ကို တပ်မတော်က စစ်တွေမြို့နယ်တရားရုံးမှာ ပုဒ်မ ၅၀၅(ခ) နဲ့ ၅၀၅(ဂ) တို့အရ အမှုဖွင့်တိုင်ကြား ထားတာဖြစ်ပြီး တရားရုံးရဲ့ ရုံးချိန်းတွေမှာ မလာရောက်တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ဇူလိုင် ၂၇ ရက်နေ့ ရုံးချိန်းမှာတော့ ခိုင်မျိုးထွန်းကို ရုံးထုတ်စစ်ဆေးမယ်လို့ သတင်းကြားတဲ့အတွက် မနက် ၉ နာရီလောက်က စစ်တွေမြို့တရားရုံးရှေ့မှာ လူရာချီ စုဝေးရောက်ရှိလာပြီး တရားခွင်ကို နားထောင်ခဲ့ပါတယ်။ အမှုကို သြဂုတ်လ ၅ ရက်နေ့ ပြန်ချိန်းခဲ့ပါတယ်။

သတင်းနှင့် ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013