DVB Logo
Home
Lead Story
ဂျပန်-မြန်မာ သစ်ပင် ၁ သောင်း ပူးပေါင်းစိုက်ပျိုး (ဓာတ်ပုံ)
DVB
·
July 26, 2016
ဂျပန်-မြန်မာ သစ်ပင် ၁ သောင်း ပူးပေါင်းစိုက်ပျိုး (ဓာတ်ပုံ)
1 / 4
Donate to DVB

ရန်ကုန်မြို့ လှော်ကားကန်အနီးမှာ ဂျပန်-မြန်မာနှစ်နိုင်ငံ ၀ါသနာရှင်တွေ၊ စေတနာ့ ၀န်ထမ်းတွေ စုစုပေါင်း အယောက် ၁၆၀၀ က ကုက္ကိုပင်နဲ့ ကျွန်းပင်အပါအဝင် အပင် ၆ မျိုးရဲ့ ပျိုးပင်တစ်သောင်းကို ဇူလိုင် ၁၆ ရက်က စုပေါင်းစိုက်ပျိုးခဲ့ကြတယ်လို့ ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံက ပြည်သူ့အကျိုးပြု အဖွဲ့က လှော်ကားကန် ပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ပြီး ရေကန်စဉ်ဆက်မပြတ် တည်တံ့ရန်အတွက် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်တဲ့ ဂျပန် သံအမတ်ကြီးက ပျိုးပင်ပေါက် ကလေးတွေဟာ သေချာပေါက် အပင်ကြီးဖြစ်လာကာ အနာဂတ်မှာ စိမ်းလန်းစိုပြည်ပြီး ရေအရင်းအမြစ်ဖြစ်တဲ့ ရေကန်ကို ထိန်းသိမ်းစောင့်ရှောက် ပေးမှာဖြစ်တယ်။ ရန်ကုန်မြို့သူမြို့သားတွေရဲ့ လူနေမှုဘ၀ကို အထောက်အကူပြု စေမယ်လို့ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Embassy of Japan in Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013