DVB Logo
Home
မြန်မာသတင်း
ပင်လုံတွင်ကျင်းပမည့် တိုင်းရင်းသားလူငယ်ညီလာခံ ဆိုင်းငံ့ခြင်းခံရ
DVB
·
July 26, 2016
ပင်လုံတွင်ကျင်းပမည့် တိုင်းရင်းသားလူငယ်ညီလာခံ ဆိုင်းငံ့ခြင်းခံရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့မှာ ဇူလိုင်လ ၂၇ မှ ၃၁ ရက်နေ့တွေအတွင်း ၅ ရက်တာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ကို ရှမ်းပြည်နယ်အစိုးရက ဆိုင်းငံ့လိုက်ပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်မှ လက်မှတ်ရေးထိုးကာ တိုင်းရင်းသား လူငယ်ညီလာခံဖြစ်မြောက်ရေး ကော်မ တီမှ တင်ပြတောင်းဆိုထားတဲ့ ၀န်ကြီးချုပ်နဲ့တွေ့ဆုံခွင့်၊ ပင်လုံကျောက်တိုင်ကွင်း အသုံးပြုခွင့် နဲ့ ညီလာခံပြုလုပ်ခွင့် စတဲ့ အချက် ၃ ချက်လုံး ဆိုင်းငံ့ထားဖို့ မနေ့ ( ဇူလိုင် ၂၅ ရက် ) မွန်းလွဲပိုင်းမှ အကြောင်းကြားစာ လက်ခံရရှိတယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီ ပြောခွင့်ရ စိုင်းဆိုင်မိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အားလုံးစီစဉ်ပြီးပြီ၊ မုခ်ဦးတွေလည်းလုပ်ပြီးပြီ၊ ပြည်နယ်နဲ့ တိုင်းအသီးသီးက ဖိတ်ထားတဲ့ ညီလာခံတက်မယ့်အဖွဲ့တွေလည်း တစ်ဝက်ကျော် ရောက်နှင့်နေပြီ။ တချို့က လည်း လာနေတုန်းဘဲ၊ လမ်းခုလပ်မှာ၊ ကျနော်တို့ နောက်ဆုတ်ဖို့ တော်တော်အခက် အခဲ ရှိပါတယ်၊ ဆုတ်လို့မရဘူး၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရတက်လာပြီ၊ အစိုးရကလည်း ငြိမ်းချမ်းရေးကိစ္စ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတွေလည်း ဆောင်ရွက်နေတော့ ကျနော်တို့က ယုံကြည်မှု အပြည့်ရှိတယ်လေ၊ ကျနော်တို့လုပ်နေတာကလည်း တိုင်းရင်းသားလူငယ်များ စည်းလုံးညီညွတ်ရေးအတွက် လုပ်နေတာပါဘဲ။ ဒီလိုဟန့်တားခံရမယ်မထင်ဘူးလေ၊ ညီလာခံကျင်းပ ခွင့်ရဖို့ ကျနော်တို့ ပြန်တောင်းဆိုဖို့ ပြင်ဆင်နေပါတယ်၊ ဒီနေ့ဘဲ အမြန်ဆုံး တောင်းဆိုစာ ပေးပို့မှာပါ။”

ညီလာခံ ဆိုင်းငံ့ခြင်းခံရတဲ့အပေါ် တခြားတိုင်းရင်းသားလူငယ်အဖွဲ့များကလည်း ကန့် ကွက်ေ ကြာင်း ပြောဆိုထုတ်ပြန်နေကြတဲ့အတွက် ညီလာခံကျင်းပခွင့်မရရင် လူငယ်ထုကြီး အုံကြွ လာမယ့်အရေးကိုလည်း စိုးရိမ်မကင်းဖြစ်မိကြောင်း၊ အဲဒီအခြေနေမျိုးဖြစ်လာမှာကိုလည်း မလိုလားတဲ့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံ သွားမယ် လို့လည်း သူက ဆက်ပြောပါတယ်။

ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကတော့ တိုင်းရင်းသားလူငယ်ညီလာခံဟန့်တားခြင်းဖြင့် အစိုးရအပေါ် ယုံကြည်မှုတွေ လျော့ပါးစေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်အမြင်ပြောရရင်တော့ မဆိုင်းငံ့သင့်ပါဘူး။ ဘာမှလည်း စိုးရိမ်စရာမလိုဘူး။ လူငယ်တွေက ဒီညီလာခံလုပ်ဖို့ ပြီးခဲ့တဲ့ ၂လ၃ လကတည်းက စီစဉ်ထားတာ၊ မိုင်ဂျာယန်ဆွေးနွေးပွဲနဲ့လည်း မပတ်သက်ဘူး။ ရှမ်းပြည်နယ်အစိုးရက ဘာတွေစိတ်ပူနေသလဲ ဆိုတာ ကျနော်လည်း နားမလည်ဘူး။ အခုလူငယ်တွေက အားလုံးစီစဉ်ပြီးပြီ၊ နောက်ဆုတ်လို့မရဘူး။ ဆက်လုပ်သွားဖို့ဘဲရှိတယ်၊ လုပ်ပြီးတော့မှ ဆန့်ကျင်မှု အခြေအနေရှုတ်ထွေးမှုတွေမရှိအောင်ထိန်းဖို့ဘဲ၊ ဆက်ပြီးဟန့်တားရင် အစိုးရအပေါ် ယုံကြည်မှုတွေ လျော့ပါး သွားမယ်၊ အမြင်မကြည်တော့ဘူး ၊ တိုင်းပြည်စည်းလုံးညီညွတ်ရေးလုပ်ငန်း အပေါ်လည်း အဖုအထစ်ရှိလာနိုင်တယ်”

မြန်မာနိုင်ငံပြည်နယ်နဲ့ တိုင်းဒေသအသီးသီးက ဗမာတိုင်းရင်းသားအပါအ၀င်၊ ကျန်သော တိုင်းရင်းသားလူငယ်တွေဟာ ယခင်ကလည်း တွေ့ဆုံဆွေးနွေးပွဲ၊ လူငယ်ဖိုရမ်တွေ ကျင်းပခဲ့ ဖူးပြီး ဒီပင်လုံမြို့မှာလုပ်မယ့် ညီလာခံကတော့ လူတစ်ထောင်နီးပါး ပါဝင်မယ့် ပထမဆုံး အကြိမ် မျက်နှာစုံညီ ညီလာခံ ဖြစ်တယ်လို့ ဆိုပါတယ်။

ညီလာခံ ဆိုင်းငံ့ရခြင်းနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013