DVB Logo
Home
မြန်မာသတင်း
ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အမျိုးသားအဆင့် ဆွေးနွေး
DVB
·
July 26, 2016
ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အမျိုးသားအဆင့် ဆွေးနွေး
Donate to DVB

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အမျိုးသားအဆင့် ဆွေးနွေးပွဲ အခမ်းအနားကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်မှာ ဇူလိုင်လ ၂၆ ရက်နေ့က စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲကို ဇူလိုင် ၂၆ ကနေ ၂၈ ရက်နေ့အထိ ၃ ရက်ကြာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

"ကလေးသူငယ်ပြုစုပျိုးထောင်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းကို အဓိကလုပ်ငန်းတရပ် ချမှတ်ပြီး မူလတန်းကြိုကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ခြင်း၊ အဲဒီကျောင်းတွေကို နည်းပညာ ငွေကြေး ထောက်ပံ့ပေးခြင်း၊ ECCD ပညာရပ်ဆိုင်ရာ သင်တန်း၊ မွမ်းမံသင်တန်းတွေ၊ သင်ထောက်ကူပစ္စည်းတွေ ဖွင့်လှစ်ထောက်ပံ့ပေးတာတွေနဲ့ မိခင်ဝိုင်းတွေ ဖွင့်လှစ်ပေးပြီး ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးအတွက် ဆောင်ရွက်နေတယ်" လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုခဲ့ပါတယ်။

အဲ့ဒီလိုဆောင်ရွက်လုပ်ကိုင်ရာမှာ ဆက်စပ်ဝန်ကြီးဌာနတွေ၊ UN၊ INGOs၊ NGOs တို့နဲ့ ပူးပေါင်းပြီး မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်လုပ်ကိုင်သွားနိုင်ဖို့ကို အခုလိုဆွေးနွေးပွဲ အခမ်းအနား ပြုလုပ်ရတာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ပြောဆိုခဲ့ပါတယ်။

မူလတန်းကြိုကျောင်းတွေမှာ ကလေးသူငယ်တွေကို နည်းလမ်းများနဲ့ ပြုစုပျိုးထောင်နိုင်ဖို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သင်ရိုးညွန်းတမ်း၊ သင်ရိုးမာတိကာနဲ့ ဆရာလမ်းညွှန်၊ အထောက်အကူပြုလက်စွဲစာအုပ်၊ လက်ကမ်းစာစောင်တွေကို ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ထားပြီးဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေတက်ရောက်ခဲ့ကြီးပြီး ECCD Working Group၊ UN၊ INGOs၊ NGOsနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013