DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်တွင် ဝက်တုပ်ကွေးဖြစ်၊ ၀က်အမြောက်အမြား သေဆုံး
DVB
·
July 26, 2016
တိုက်ကြီးမြို့နယ်တွင် ဝက်တုပ်ကွေးဖြစ်၊ ၀က်အမြောက်အမြား သေဆုံး
1 / 4
Donate to DVB

တိုက်ကြီးမြို့နယ်ရှိ ကျေးရွာတွေမှာ ၀က်တုပ်ကွေးရောဂါဖြစ်ပေါ်နေပြီး ၀က်အမြောက်အမြား သေဆုံးနေပါတယ်။

ရန်ကန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်းရှိ ရှမ်းစု၊ သိမ်ကုန်း၊ သက်သာ၊ မအူခုန်ကျေးရွာနဲ့ ကျေးရွာ တော်တော်များများမှာ ဇူလိုင်လ ပထမအပတ်က စတင်ပြီး ဒေသအခေါ် (ဝက်တုပ်ကွေး) ရောဂါ ဖြစ်ပေါ်ပြီး ဝက်အမြောက်အများသေဆုံးနေတာပါ။

“ရောဂါစဖြစ်ရင် အစာမစား၊ ဝမ်းမသွားတော့ပါဘူး။ ရောဂါဖြစ်ပြီး ၂ ရက်အကြာမှာ အန်ပါတယ်။ ကိုယ်ပူချိန်က သာမန်အပူချိန်ထက်ပိုပြီး ပူပါတယ်။ အဲလိုဖြစ်လာပြီဆိုရင် ဆေးထိုးဆေးတိုက်လုပ်လို့ မရတော့ပါဘူး။ ဒါကြောင့် ကုန်သည်တွေကိုခေါ်ပြီး ရောင်းရတော့ တာပါ။ ကျမတို့က ရင်းနှီးထားရတာ မနည်းတော့ အဆုံးရှုံးမခံနိုင်တော့ရတဲ့ ဈေးနဲ့ရောင်းရ ပါတယ်။ အရင်ဝက်ဈေး ၁ ပိသာ ၄၇၀၀ ဈေးကိုသူတို့က နေမကောင်းတာကိုသိရင် ဈေးနှိမ်ပြီး ၂၀၀၀ ဈေးပဲပေးပါတယ်။ ဒါပေမယ့် ရောင်းရတာပါပဲ။ သားခွဲ ၁ ကောင်ကို ၈၀၀၀၀ ပေးဝယ်ထားရတော့ အဆုံးမခံနိုင်ပါဘူး။ ဒါကြောင့်ရတဲ့ ဈေးနဲ့ရောင်းရပါတယ်။ အခုဆို ၄ သိန်းတန်းဝက်ဆို ၂ သိန်းနဲ့ ရောင်းရပါတယ်။ သားခွဲဆို ၈၀၀၀၀ သောင်းတန်ကို ၃၅၀၀၀ ခွဲနဲ့ရောင်းရပါတယ်”လို့ ဒေသခံ ဝက်မွေးမြူသူတဦးက ပြောပါတယ်။

တိုက်ကြီးမြို့နယ် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဦးဇော်ဇော်ထွန်းက   ရောဂါကို သိရရအောင် ဓာတ်ခွဲခန်း ပို့ထားပြီး အဖြေစောင့်နေကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့က ဘာရောဂါလဲဆိုတာသိရအောင်လို့ ဓာတ်ခွဲခန်းကို ပို့ထားပါတယ်။ အဖြေကို တော့ စောင့်နေပါတယ်။ ဘာရောဂါဆိုတာ မသိတဲ့အတွက် အဖြေသိရင်တော့ ပြောပါမယ်။ ရောဂါဖြစ်တဲ့ ဝက်ခြံတွေကိုတော့ ပိုးသတ်ဆေးတွေ ဖြန်းပေးနေပါတယ်။”

ပေးပို့ - မေသွယ် (CJ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013