DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်များ၏ သင်ကြားရေးနှင့် အုပ်ချုပ်ရေးပုံစံများ မပြောင်းလဲသေးဟု ဆို
DVB
·
July 26, 2016
တက္ကသိုလ်များ၏ သင်ကြားရေးနှင့် အုပ်ချုပ်ရေးပုံစံများ မပြောင်းလဲသေးဟု ဆို
Donate to DVB

သင်ကြားတဲ့စနစ်နဲ့ အုပ်ချုပ်မှုပုံစံတွေဟာ အရင်အတိုင်း မပြောင်းလဲသေးဘူးလို့ တက္ကသိုလ်ဆရာနဲ့ ကျောင်းသားတွေက ပြောပါတယ်။

အစိုးရက ရည်မှန်းချက်တွေချမှတ်နေပေမယ့် တိကျတဲ့မူဝါဒ မရှိသေးတာကြောင့် တက္ကသိုလ်တွေမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ မရှိသေးပါဘူး။

“အစကတော့ တက္ကသိုလ်တက်မယ်ဆိုရင် စာသင်ကြားပိုင်းတွေမှာရော အရမ်းပဲ တိုးတက်မယ်လို့ ထင်ပါတယ်။ တကယ်ကတော့ လက်တွေ့လုပ်ရတာ သိပ်မရှိဘူး”လို့ ဒဂုံ တက္ကသိုလ်က ရူပဗေဒ ပထမနှစ် ဂုဏ်ထူးတန်းကျောင်းသူ မဖြိုးဖြိုးက ပြောပါတယ်။

အခြေခံကျောင်းတွေမှာ သင်သလိုပဲလို့ သူက ဆက်ပြောပါတယ်။ ကျောင်းသား တော်တော်များများကတော့ တက္ကသိုလ်ရဲ့ ဘဝကို မခံစားရဘူးလို့ ပြောပါတယ်။

ရူပဗေဒ ပထမနှစ် ဂုဏ်ထူးတန်းကျောင်းသား မောင်အောင်ခန့်က “ ၁၀ တန်းတုန်း ကတော့ တက္ကသိုလ်ဆိုတာကို စိတ်ကူးယဉ်တယ်။ တကယ်တမ်းတက်တော့ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ပန်းကြာဝတ်မှုံထဲကလို မဟုတ်ပါဘူး။ State ကျောင်းမှာတော့ စည်းကမ်းတွေနဲ့ နေရတယ်။ ဒီမှာတော့ နည်းနည်း လွတ်လပ်တယ် ဆိုတာလောက်ပဲ။ စာသင်တယ်။ သွားတယ်၊ ပြန်တယ်၊ ဒီလောက်ပါပဲ။ ကျနော်ကတော့ ဒီ တက္ကသိုလ် ပရဝုဏ်ထဲမှာ တက္ကသိုလ်အရသာ၊ University Life ကို ပြည့်ပြည့်ဝဝ ခံစားချင်ပါတယ်” လို့ ပြောပါတယ်။

စနစ်တစ်ခုလုံး ပြောင်းလဲဖို့ လိုအပ်တယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ အဖွဲ့ဝင် မောင်ဇင်လင်းက “အခုကတော့ ကြားကာလ အပြောင်းအလဲပါ။ ဒါပေမယ့် တက္ကသိုလ် ပညာရေးစနစ်မှာသော် လည်းကောင်း၊ အခြေခံပညာရေးစနစ်မှာ သော်လည်းကောင်း ထူးထူးခြားခြား  အပြောင်းအလဲ မရှိသေးပါ ဘူး။ ဆိုလိုချင်တာက စနစ် အပြောင်းအလဲ မရှိသေးပါဘူး” လို့ ပြောပါတယ်။

ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်မယ်ဆိုရင် ကျောင်းသားနဲ့ ဆရာတွေရဲ့ အသံကို နားထောင်ဖို့ လိုတယ်လို့လည်း တက္ကသိုလ်ဆရာတယောက်က ပြောပါတယ်။

“ပညာရေး မျှော်မှန်းချက်ဆိုရင် အကြီးကြီးတွေ ပြောနေတယ်။ ဒါပေမယ့် macnism (ယန္တရား) က အောက်မှာ ကျန်ခဲ့တယ်။ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ ဒီတိုင်းပဲ နေလိုက်တော့ မယ်ဆိုတဲ့ဟာက တကယ်တမ်းမှာ ပြည်သူတွေကိုပဲ နစ်နာစေမယ်။ အစိုးရအနေနဲ့ အရေးအသားကောင်ကောင်းနဲ့ လူကြီးကြိုက်ရေးထားတဲ့ အစီရင်ခံစာတွေကို မဖတ်ပဲ နှလုံးသားနဲ့ ရေးထားတဲ့ တကယ်အစစ်အမှန်တွေ နားထောင်တတ်ဖို့ လိုလာတယ်လို့ မြင်တယ်” လို့ ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက ပြောပါတယ်။

လက်ရှိပုံစံအတိုင်း ဆက်သွားနေရင်တော့ မချောမွေ့နိုင်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

အဆင့်မြင့် ပညာရေးဥပဒေကို ပြဋ္ဌာန်းပြီးမှ တက္ကသိုလ်တွေအားလုံးဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရလာနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013