DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်တွင် ပါဝင်လိုသူများ လျှောက်ထားရန် ရက်တိုးမြှင့်
DVB
·
July 26, 2016
ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်တွင် ပါဝင်လိုသူများ လျှောက်ထားရန် ရက်တိုးမြှင့်
Donate to DVB

ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှာ ပါဝင်လိုသူတွေအတွက် အဆိုပြုလွှာပေးပို့ရမယ့်ရက်ကို တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေ ပိုပြီး ပါဝင်လာနိုင်စေဖို့ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

ကော်မရှင်အဖွဲ့ခွဲတွေကို ဖွဲ့စည်းဖို့အတွက် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နေရာတွေအတွက် အများက ယုံကြည်လေးစားခံရတဲ့သူတွေ လျှောက်ထားနိုင်ကြတာပါ။

မြို့နယ်၊ ခရိုင်နဲ့ ပြည်နယ်၊ တိုင်း ကော်မရှင်အဖွဲ့ခွဲတွေအတွက် လျှောက်နိုင်ပြီး မြို့နယ်ကော်မရှင်ရုံးတွေမှာ ဆန္ဒပြုလွှာတွေ ရယူ ပေးပို့နိုင်ကာ လာမယ့် သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမှာလည်း ဖြစ်ပါတယ်။

“ခုချိန်ထိ ဘယ်လောက်လျှောက်ထားတယ် ဆိုတာကတော့ မသိရသေးပါဘူး။ စာရင်းတွေက တိုင်းတွေ၊ ပြည်နယ်တွေမှာပဲ ရှိသေးလို့ပါ။ ဒီလိုလျှောက်နိုင်တယ်ဆိုတာ လူတွေက သေချာမသိကြသေးဘူးဆိုလို့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်လည်း ကြော်ငြာပေးနေပါတယ်” လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013