DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းရေကြီး၊ လူနေအိမ်နှင့် သီးနှံစိုက်ခင်းများရေနစ်မြုပ်
DVB
·
July 25, 2016
နမ့်ခမ်းရေကြီး၊ လူနေအိမ်နှင့် သီးနှံစိုက်ခင်းများရေနစ်မြုပ်
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ထဲမှာ ရွှေလီမြစ်ရေလျှံပြီး လူနေ အိမ်တွေနဲ့ သီးနှံ လယ်ယာစိုက်ခင်းတွေထဲ ရေ၀င်ရောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။

13823649_1733289010263623_496330381_nအထူးသဖြင့် နမ့်ခမ်းမြို့မြောက်ဘက် ရွှေလီမြစ်တကြောရှိ မန့်ဟောင်း၊ နောင်တိန်း၊ နောင်မ၊ မန့်ကွန်၊ မန့်ဆွမ်း၊ ကွန်ကျိုင်း၊ ကောင်းနောင် အစရှိတဲ့ကျေးရွာတွေမှာ မနေ့ မွန်းလွဲပိုင်းကစပြီး ရေတွေ မြင့်တက်လာတာကြောင့် ပစ္စည်းတွေ ဘေးလွတ်ရာရွှေ့ထားရတယ်လို့ နမ့်ခမ်းလူမှုညီညွတ်ရေးအသင်း အထွေထွေအတွင်းရေးမှူး စိုင်းထွန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့မွန်းလွဲပိုင်းကစပြီး ရေတွေရွာထဲရော လယ်ယာခြံမြေထဲပါဝင်လာတယ်။ တချို့နေရာ ဒူးလောက်၊ တချို့အနိမ့်ပိုင်းအိမ်တွေဆို ခါးလောက်ထိတက်လာတယ်။ ကျနော်တို့ဘက်က အိမ်တွေက ခြေတံရှည်အိမ်တွေဆိုတော့ တော်သေးတာပေါ့။ ပစ္စည်းတွေ အပေါ်ထပ်ကိုပဲ ပြောင်းရွှေ့လိုက်တယ်။ စပါး နဲ့ ဟင်းသီးဟင်းရွက်တွေတော့ အခုတော့ မပျက်သေးဘူး။ ရက်ဆက်ရေတက်နေရင်တော့ အမြစ်တွေ ပုပ်ကုန်မှာစိုးရတယ်၊ ရွှေလီမြစ် တလျှောက်လုံး ပါဘဲ။ ဟိုဘက်ကမ်း တရုတ်ပြည်ထဲပါသွားတဲ့ ရှမ်းရွာတွေလည်း ရေကြီးနေတယ်။ အခုနမ့်ခမ်းမှာရှိတဲ့ ကူးတို့ဆိပ်တွေ အကုန်ပိတ်ထားတယ်။ ကုန်းဆာတို့၊ နောင်မတို့၊ ကောင်းဝိန်း၊ မန့်ဟောင်း အဲလိုပေါ့။ ဟိုဘက်ဒီဘက်ကူးလို့မရသေးဘူး။”

ရေကြီးရတဲ့အကြောင်းရင်းမှာ နမ့်ခမ်းမှာ မိုးသည်းထန်တာမရှိပေမယ့် တရုတ်ပြည် ယူနန်ပြည်နယ်မှာ မိုးသည်းထန်ပြီး မန်ရှီခရိုင်ရှိ ရွှေလီမြစ်အထက်ပိုင်းက ကျယ်ဖန်ဆည်ကို ဖွင့်ချလိုက်တဲ့အတွက် ဖြစ်တယ်လို့လည်း ပြောဆိုနေကြောင်း စိုင်းထွန်းလှိုင်က ပြောပါတယ်။

ရေလွှမ်းနေတဲ့ရွာဘက်တော့ ခုချိန်အထိ သက်ဆိုင်ရာက လာရောက်ကြည့်ရှုစစ်ဆေး တာမရှိသေးဘူးလို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် မူဆယ်ဘက်မှာလည်း ကားလမ်းတွေ ရေလျှံနေပြီး ကချင်ပြည်နယ်ဘက်မှာလည်း ရွှေလီမြစ်နဲ့နီးတဲ့ ကျေးရွာတချို့ ရေလွှမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013