DVB Logo
Home
မြန်မာသတင်း
ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာသည့်အတွက် တောင်ကြီးကုန်စည်ပြပွဲ ရောင်းအားမြင့်တက်
DVB
·
July 25, 2016
ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာသည့်အတွက် တောင်ကြီးကုန်စည်ပြပွဲ  ရောင်းအားမြင့်တက်
1 / 10
Donate to DVB

Smart Business Group မှ စုစည်းကျင်းပတဲ့ Taunggyi Expo 2016 ကုန်စည်ပြပွဲကြီး တွင် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဇူလိုင်လ ၂၃ရက်မှ ၂၇ ရက်နေ့အထိ တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ရောင်းချပေးနေပါတယ်။

ကုန်စည်ပြပွဲမှာ အဓိက ပါဝင်ကူညီခဲ့တဲ့ Excellent office Automation Co.Ltd မှ တာဝန်ရှိသူ မမေသန့်ဇင် က “ဒီပွဲမှာ ကျမတို့ အနေနဲ့ Co-sponsored ယူခဲ့တာပါ။ အဓိက ကတော့ ရုံးသုံး ပစ္စညှ်းတွေကို နယ်မှာရှိတဲ့သုံးစွဲသူတွေအတွက် အာမခံချက်တွေနဲ့ ပရိုမိုးရှင်း လာပေးတာပါ။ ပွဲပြီးရင် ဗွီးရှင်းစတိုးမှာ ပစ္စည်းတွေ ကိုယ်စားလှယ်ပေးထားပါတယ်”လို့ ပြောပါတယ်။

ကုန်စည်ပြပွဲကြီးကို နှစ်စဉ်လာရောက် ကျင်းပလေ့ရှိပြီး အခု ၂၀၁၆ ခုနှစ်မှာ မီးဖိုဆောင်သုံး ပစ္စည်းနဲ့ အ၀တ်အထည်တွေ ပိုမိုရောင်းချခဲ့ရတာကို တွေ့ရပါတယ်။ သုံးစွဲသူ  ပြည်သူတွေ အတွက် ဈေးနှုန်း သက်သာစွာ ၀ယ်ယူနိုင်ဖို့၊ အာမခံချက်တွေနဲ့ စိတ်ချစွာ သုံးစွဲနိုင်ဖို့၊ လူသုံးကုန် ပစ္စည်းအားလုံး တနေရာတည်းမှာ ၀ယ်ယူနိုင်ဖို့ ကျင်းပဖွင့်လှစ်တာဖြစ်တယ်လို့ ပွဲကျင်းပရေး ကော်မတီက ပြောပါတယ်။

ထူးခြားချက်အဖြစ် အသက် အာမခံ၊ မီးအာမခံ၊ အထူးခရီးသွား အာမခံ၊ ရေကြောင်း အာမခံ၊ ငွေပို့ငွေလွှဲ အာမခံလုပ်ငန်းတွေကို ရှင်းလင်းပြတဲ့ ရုံးခန်းတွေ လာရောက်ဖွင့်လှစ်ခဲ့ပြီး ပန်းကန်တွေကို ကီလိုချိန် နဲ့ ရောင်းချနေတာကိုလည်း တွေ့ရပါတယ်။

“ဒီဈေးပွဲတော်ကို ကျမ ပတ်ကြည့်တော့ ထူးခြားတာက မီးဖိုချောင်သုံး ပစ္စည်း တွေပေါ့။ ကျမ ပန်းကန်တွေကို တချပ်ချင်းပဲ ၀ယ်ဖူးတယ်။ ဒီတခါ ကျတော့ ကီလိုနဲ့လာရောင်းတာ တွေ့ရတယ်။ တချို့က မသိတော့ မ၀ယ်ရဲဘူး။ တချို့ကတန်မှန်းသိတော့ အများကြီး ၀ယ်တာ တွေ ရှိတယ်။ နားလည်အောင် ရှင်းပြနိုင်ရင်တော့ ပိုကောင်းတာပေါ့”လို့ ဈေးဝယ်သူ တဦးကပြောပါတယ်။

အိမ်တွင်းအလှဆင်ပစ္စည်း အရောင်းဆိုင်ရှေ့မှာ ကြည့်ရှုသူ တဦးကတော့ “ရေစိမ်ခံ ပါကေးတွေလဲ ဒီနှစ်မှာ တွေ့ရတယ်။ ဒီ ပစ္စည်းတွေ တွေ့တော့ မြန်မာနိုင်ငံ အဆင့်မီလာပြီး သစ်တောကိုလည်း ထိန်းသိမ်းရာ ရောက်တာပေါ့။ ကျနော်တို့ ရယ်ဒီမိတ်တွေ ၀ယ်သုံးရတာ ပို အဆင်ပြေတာပေါ့”လို့ ပြောပါတယ်။

Taunggyi Expo 2016 ကုန်စည်ပြပွဲကို မနက် ၉ နာရီ မှ ည ၉ နာရီအထိ ဖွင့်လှစ်ပြသထားပါတယ်။ လာရောက်ကြည့်ရှုသူ မည်သူမဆိုကို ပွဲကျင်းပရေးကော်မတီမှ အခမဲ့ ကံစမ်းမဲ လက်မှတ်ပေးအပ်ပြီး ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ပေးပို့ - ရှမ်းပြည်နယ်(တောင်ပိုင်း) သတင်းမီဒီယာ ကွန်ရက်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013