DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီမဆပ်နိုင်ပါ ရက်ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားနိုင်
DVB
·
July 25, 2016
စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီမဆပ်နိုင်ပါ ရက်ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားနိုင်
Donate to DVB

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ငွေချေးယူထားတဲ့ တောင်သူတွေအနေနဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ မကာကွယ်မတားဆီးနိုင်တဲ့ အကြောင်းကြောင်းကြောင့်ဖြစ်စေ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်ဆီးလို့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်မှန်ပြန်လည် မပေးဆပ်နိုင်ပါက ပေးဆပ်ရမယ့်ရက်ကို ရွှေ့ဆိုင်းပေးဖို့ မြို့နယ်ဘဏ်ခွဲမန်နေဂျာထံကို တင်ပြလျှောက်ထားနိုင်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ စစ်ကိုင်းတိုင်းဒေသကြီးက ဦးကိုကိုနိုင်ရဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံအဝှမ်းရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့မှုကြောင့် စိုက်ပျိုးရန်ခက်ခဲသွားတဲ့ လယ်ယာမြေများနဲ့ ဆုံးရှုံးနစ်နာခဲ့ရတဲ့ တောင်သူ လယ်သမားတွေအတွက် အစိုးရအနေနဲ့ မည်ကဲ့သို့ ပံပိုးကူညီမှုအစီအမံတွေ ဆောင်ရွက်ထား သည်ကို သိရှိလိုကြောင်း မေးခွန်းနဲ့ပတ်သက်ပြီး ဖြေကြားရမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြို့နယ်မန်နေဂျာက စုံစမ်းစစ်ဆေးပြီးနောက် သဘောထားမှတ်ချက်နဲ့အတူ မြို့နယ်ချေးငွေ အကြံပေးအဖွဲ့ဆီကို စုံစမ်းစစ်ဆေးရေးအမှုတွဲကို တင်ပြရမှာဖြစ်ပါတယ်။

မြို့နယ်အကြံပေးအဖွဲ့ကတဆင့် ၄င်းရဲ့ ဆုံးဖြတ်ချက်နဲ့အတူ တိုင်းဒေသကြီး၊ ပြည်နယ် အကြံပေးအဖွဲ့ဆီကို ဆက်လက်တင်ပြရမှာ ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အကြံပေးအဖွဲ့က သဘောထားမှတ်ချက်နဲ့အတူ ဘဏ်ရုံးချုပ်ကိုဆက်လက်ပေးပို့ရမှာဖြစ်တယ်လို့ ပြည်ထောင်စု ၀န်ကြီးက ဆိုပါတယ်။

ဘဏ်ဒါရိုက်တာအဖွဲ့က စိစစ်ပြီးနောက် ချေးငွေပေးဆပ်ရမယ့် ရက်ကို ရွှေ့ဆိုင်းနိုင်တယ်လို့ ပြောပါတယ်။ တောင်သူတွေအနေနဲ့ ရက်ရွှေ့ဆိုင်းပေးဆပ်ခွင့်ရပါက ဘဏ်ဒါရိုက်တာအဖွဲ့က သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့အညီ ချေးငွေသစ်အတွက် လျှောက်ထားနိုင်တယ်လို့ ဒေါက်တာအောင်သူက ပြောပါတယ်။

ချေးငွေပေးဆပ်ရက်ကို သတ်မှတ်ရက်အတွင်း မပေးဆပ်နိုင်ခြင်း၊ ချေးငွေကို အကြောင်းရင်း တခုခုကြောင့် ရက်ရွှေ့ဆိုင်းလိုခြင်း တင်ပြနိုင်ခဲ့ခြင်းမရှိပါက သတ်မှတ်ရက်ထက် ကျော်လွန် ပေးဆပ်ရင် ဒဏ်တိုးငွေအဖြစ် ၁၀၀ ကျပ်ကို တစ်လ တစ်ကျပ်နှုန်းပေးပြီး ပြန်လည်ပေးဆပ် နိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013