DVB Logo
Home
မြန်မာသတင်း
ပုလောတွင် ကွန်ကရက်ဓာတ်တိုင်များ တင်ဆောင်သည့်ကား လူနေအိမ်ထဲ ထိုးဆင်း
DVB
·
July 25, 2016
ပုလောတွင် ကွန်ကရက်ဓာတ်တိုင်များ တင်ဆောင်သည့်ကား လူနေအိမ်ထဲ ထိုးဆင်း
1 / 4
Donate to DVB

မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံကျေးရွာတွင် ဖိုးသီးချို စွမ်းအင်ကူ လျှပ်စစ်ဖြန့်ဖြူရေးကုမ္ပဏီမှ ဇူလိုင်လ ၂၅ ရက်နေ့က ရှပ်ပုံကျေးရွာ ရွာလယ်လမ်းမကြီးတွင် ကွန်ကရက်ဓာတ်တိုင်များ လိုက်လံစိုက်ထူရာ လမ်းဘေးတွင် ရပ်နားထားစဉ် အရှိန်လွန်ပြီး လူနေအိမ်တစ်လုံးကို တိုက်မိ ပျက်စီးသွားပါတယ်။

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ ရွာလယ်လမ်းမကြီးတွင် ကွန်ကရက်ဓာတ်တိုင်များ စိုက်ထူဖို့ ဖိုးသီးချို လျှပ်စစ်စွမ်းအားကူ လျှပ်စစ်ဖြန့်ဖြူရေးကုမ္ပဏီက ရွာလယ်လမ်းမကြီးရှိ လမ်းဘေး ကုန်းအဆင်းတွင် ရပ်နားထားစဉ် ကားဘီးအောက်မှာခုထားတဲ့ ဂျိုင်းတုံးဖြုတ်ယူစဉ် အရှိန်လွန်ပြီး လူနေအိမ်နဲ့ လမ်းဘေးရှိ ရပ်နားထားတဲ့ ဆိုင်ကယ်တစီး ပျက်စီးသွားခဲ့တယ်လို့ ပုလောမြို့ခံတွေထံကနေ သိရပါတယ်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လူနေအိမ်တလုံးနဲ့ ဆိုင်ကယ်တစ်စီးပျက်စီးမှုနဲ့ ပတ်သက်ပြီး ဖိုးသီးချို စွမ်းအားကူ လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီမှ တာဝန်ရှိသူများမှ တာဝန်ယူဖြေရှင်းပေး သွားမယ်လို့ ကာယကံရှင် ဦးဝင်းရှိန်က ပြောဆိုပါတယ်။

သတင်း - မြတ်ထွဋ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013