DVB Logo
Home
မြန်မာသတင်း
ရဟတ်ယာဉ်ကဲ့သို့ ဆင်းနိုင်တက်နိုင်သည့် ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ် (ရုပ်သံ)
DVB
·
July 25, 2016
ရဟတ်ယာဉ်ကဲ့သို့ ဆင်းနိုင်တက်နိုင်သည့် ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ် (ရုပ်သံ)
Donate to DVB

လော့ခ်ဟိမာတင်ကုမ္ပဏီထုတ် F-35 ဂျက်တိုက်လေယာဉ်ဟာ ဒီနှစ် ဖန်းဘရိုး လေယာဉ်ပြပွဲမှာ လူစိတ်အ၀င်စားဆုံး ဖြစ်ခဲ့ပါတယ်။ ဒါကလည်း တည်ဆောက်ဖူးသမျှ ဂျက်လေယာဉ်တွေထဲမှာ ခေတ်အမီဆုံးမို့ ဖြစ်နိုင်ပါတယ်။ ဈေးအကြီးဆုံးဖြစ်သလို တစင်းကို ဒေါ်လာ သန်း ၁၀၀ ကျသင့်ပါတယ်။ အဲဒီယာဉ်မှာ တန်ဖိုးအကြီးဆုံး အစိတ်အပိုင်းကတော့ F135 ဂျက်အင်ဂျင်ပဲ ဖြစ်ပါတယ်။

"F-35 ဟာ ယနေ့ကမ္ဘာမှာ စွမ်းအားအကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံး ဂျက်တိုက်လေယာဉ်ပါ။ ဒီလေယာဉ်ကို F135 အင်ဂျင်နဲ့ တွန်းကန်ပျံသန်းတာပါ။ ဒီအင်ဂျင်က ကမ္ဘာ့စွမ်းအားအကြီးဆုံး ပဉ္စမမျိုးဆက်အင်ဂျင် ဖြစ်ပါတယ်။"

F-35 ဂျက်လေယာဉ်ကို ၃ စား ထုတ်လုပ်ပါတယ်။ ဒီက F-35B ကိုတော့ မတ်မတ်တက်နိုင်၊ ဆင်းသက်နိုင်တဲ့ STVOL ယာဉ်လို့ သိကြပါတယ်။ ဒီလေယာဉ်ဟာ သမားရိုးကျဂျက်တွေထက် ပြေလမ်းတိုတိုသာလိုပြီး ရဟတ်ယာဉ်လို မြေပေါ်မတ်မတ် ဆင်းသက်နိုင်ပါတယ်။ ဒီလို ဆင်းသက်နိုင်အောင် F135 အင်ဂျင်က ပံ့ပိုးပေးတာ ဖြစ်ပါတယ်။

"ဒီလေယာဉ်မှာ အသံထက်မြန်တဲ့ တွန်းအားပေးနိုင်တဲ့ အင်ဂျင်ပါသလို ကိုယ်ဖျောက်စွမ်းရည်တွေလည်း ပါတယ်။ ပြီးတော့ အလိုက်ပြောင်းပြီး မတ်မတ်တက်တာ၊ ပြေးလမ်းတိုတိုနဲ့ လေပေါ်တက်နိုင်တာ စတဲ့စွမ်းရည်တွေလည်း ပိုင်ဆိုင်ထားပါတယ်။"

ဒီအင်ဂျင်ရဲ့ တွန်းကန်အားက ပေါင် ၄ သောင်းရှိပြီး အသံထက်မြန်နှုန်း ၁ ဒသမ ၆ (တနာရီ ၅၄၄ မိုင်နှုန်း) အလျင်ရှိပါတယ်။ ဒီအင်ဂျင်ထုတ်လုပ်တဲ့ ဖရက်ထ်အန်ဝစ်တနီ ကုမ္ပဏီဟာ ဒီနည်းပညာကို တိုးချဲ့တီထွင်ဖို့ ရန်ပုံငွေ ၁ ဒသမ ၅ ဘီလီယံကို မကြာသေးခင်က ရရှိခဲ့ပါတယ်။

"အခုဆိုရင် ဒီအင်ဂျင်ရဲ့ နောက်ထပ်စွမ်းရည်တွေ တိုးမြှင့်ဖို့နဲ့ F135 ကို မျိုးဆက်တဆက်စာ ရှေ့ပြေးနေစေမယ့် နည်းပညာသစ်ကို သရုပ်ပြဖို့ ကျနော်တို့က ပင်တဂွန်ကတဆင့် အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါပြီ။"

နိုင်ငံများစွာက အော်ဒါတွေ လှမ်းမှာနေပြီမို့ လော့ခ်ဟိကုမ္ပဏီက လာမယ့်ဆယ်စုနှစ်တွေအတွင်း F-35 ဂျက်လေယာဉ် အစင်း ၃၀၀၀ ရောင်းရမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီအတောအတွင်း F-35 ဟာ ဇူလိုင် ၁၇ ရက်နေ့ထိပြမယ့် ဖန်းဘရိုး လေကြောင်းပြပွဲမှာ ဆူဆူညံညံနဲ့ ပျံသန်းနေဦးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013