DVB Logo
Home
မြန်မာသတင်း
အသက် ၉၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ထောက်ပံ့ကြေးစပေးပြီ
DVB
·
July 25, 2016
အသက် ၉၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ထောက်ပံ့ကြေးစပေးပြီ
1 / 2
Donate to DVB

မြန်မာတနိုင်ငံလုံးက အသက် ၉၀ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဇူလိုင်လကစပြီး ထောက်ပံ့ကြေးတွေ စပေးနေပြီဖြစ်ပါတယ်။

ထောက်ပံ့ကြေးတွေအနေနဲ့ အသက် ၉ဝ နဲ့ ၁၀၀ ကြားသက်ကြီးရွယ်အိုတွေကို ၁ နှစ်ကို ကျပ် ၁၅၀၀၀ ခွဲ၊ အသက် ၁၀၀ နဲ့ အထက်သက်ကြီးရွယ်အိုတွေကို ၁ နှစ်ကို ကျပ် ၁၈၀၀၀၊ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

လူမIဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည် က “ကျနော်တို့ဝန်ကြီးဌာနက မြို့နယ်တိုင်းမှာ ရုံးတွေမရှိတဲ့အတွက် မြို့နယ် ထွေ၊အုပ် ရုံးတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ အဲ့ဒီမှာ ထုတ်လို့ရပါတယ်။ ၁ နှစ်စာ အတွက် ပေးတာဖြစ်တဲ့အတွက် အဆင်ပြေတဲ့အချိန် ထုတ်လို့ရပါတယ်”လို့ ပြောပါတယ်။

ဒီအစီစဉ်ဟာ ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်အရ အကောင်အထည်ဖော်လိုက်တဲ့ လုပ်ငန်းစဉ်တခုလည်း ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ အသက် ၉၀ နဲ့ ၁၀၀ ကြား သက်ကြီးရွယ်အို ၂၃၇၉၂ ဦး၊ အသက် ၁၀၀ အထက်သက်ကြီးရွယ်အို ၁၁၇၈ ဦး စုစုပေါင်း ၂ သောင်း ၅ ထောင်လောက်ရှိတယ်လို့ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013