DVB Logo
Home
မြန်မာသတင်း
မိုင်ဂျာယန်အစည်းအဝေးတက်ရန် တိုင်းရင်းသားကိုယ်စားလှယ်များစတင်ရောက်ရှိ
DVB
·
July 25, 2016
မိုင်ဂျာယန်အစည်းအဝေးတက်ရန် တိုင်းရင်းသားကိုယ်စားလှယ်များစတင်ရောက်ရှိ
1 / 2
Donate to DVB

ကချင်ပြည်နယ် မိုင်ဂျာယန်မှာကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ မျက်နှာစုံညီအစည်းအဝေးပွဲကို တက်ရောက်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေ စတင် ရောက်ရှိနေကြပြီဖြစ်ပါတယ်။

13769411_1197355153637352_5211219367193957890_nတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ကိုယ်စားလှယ်တွေကို ကချင် လွတ်လပ်ရေးတပ်မတော် ကေအိုင်အိုခေါင်းဆောင်တွေနဲ့ ဒေသခံပြည်သူ လူထုတွေက ကြိုဆိုနေကြပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေကိုလာရောက်ကြိုဆိုနေတဲ့ ကေအိုင်အို ထိပ်တန်းခေါင်း ဆောင်တဦးဖြစ်သူ ညီလာခံကျင်းပရေး ကော်မတီ ဒု-ဥက္ကဌ ၂ ဗိုလ်ချုပ် ဂွမ်မော်က ဒီနေ့ ရောက်လာသူတွေကို ကြိုဆိုနေတာဖြစ်ပြီး တချို့အဖွဲ့တွေ ရောက်နေကြပြီဖြစ်သလို တချို့ကတော့ လမ်းခရီးမှာ ပဲရှိသေးတယ်လို့ပြောပါတယ်။

ဒီမျက်နှာစုံညီအစည်းအဝေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၂၁ ဖွဲ့အပြင် တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA၊ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း NBFနဲ့ အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) WLB အဖွဲ့အစည်းတွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ကတော့ တဖွဲ့ကို ကိုယ်စားလှယ် ၅ ဦးစီ၊ လေ့လာသူ ၅ ဦးနဲ့ ရုံးအဖွဲ့ ၅ ဦး စုစုပေါင်း တဖွဲ့ကို ၁၅ ဦးအထိ တက်ရောက်ခွင့် ရှိပါတယ်။

ဒီအစည်းအဝေးပွဲမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုးတဲ့အဖွဲ့နဲ့မထိုးတဲ့ အဖွဲ့တွေက လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ အဓိကထား ဆွေးနွေးမယ်လို့ ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

“လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့ရှိနေတယ်ဆိုတာ ကျနော်တို့အနေနဲ့ မကောင်းဘူးလို့ မြင်ပါတယ်။ အန်စီအေစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကျနော်တို့ ၁၇ လ ကြာ အန်စီစီတီက ဆွေးနွေးထားပါတယ်။ အဲဒီအန်စီစီတီဆွေးနွေးတဲ့အတလျှောက်လုံးမှာ ကျနော်တို့ ၁၆ ဖွဲ့စလုံးက အားလုံးပါခဲ့တယ်။ အခုလက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေလည်း သဘောတူညီချက်ရရှိပြီးမှ ဒီစာချုပ်ကို ကျနော်တို့ လက်မှတ်ရေးထိုးတာဖြစ်တယ်။ သူတို့ အနေနဲ့ အခြေအနေအမျိုးမျိုးကြောင့် မထိုးနိုင်ခဲ့ တာဖြစ်ပါတယ်။ အဲဒီအခြေအနေ အမျိုးမျိုးကျနော်တို့ အခုချိန်မှာပြန်လည်ပြီးတော့ ကျော်လွှားပြီးတော့ အားလုံးပါလာပြီးတော့ လက်မှတ်ရေုးထိုးနိုင်ဖို့ ကျနော်တို့ ကြိုးစားမှာဖြစ်ပါတယ်။ ဘာတွေ အခက်အခဲရှိသလဲ၊ ဘယ်လိုနည်းနဲ့ ဒီအခက်အခဲတွေ ကျော်လွှားရမလဲ။ ဘယ်လိုရ အောင်လုပ်မလဲဆိုတာ ကျနော်တို့ မိုင်ဂျာယန်ညီလာခံမှာဆွေးနွေးမှာဖြစ်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင် ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ ၄ ရက်ကြာကျင်းမှာ ဖြစ်ပါတယ်။

မိုင်ဂျာယန်အစည်းအဝေးကနေ ၂၁ ရာစု ပင်လုံညီလာခံကို တပ်ဖွဲ့အားလုံး တက်ရောက်နိုင်မယ့် ရလဒ်ကောင်းတွေ ဆောင်ကြဉ်းနိုင်ဖို့ မျှော်လင့်တယ်လို့ အစိုးရက ငြိမ်းချမ်းရေးကော်မရှင်က ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ပြောဆိုထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မိုင်ဂျာယန်ညီလာခံကို မလုပ်စေ ချင်ဘူးလို့ ဇူလိုင် ၂၀ ရက် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်လင်းပွဲမှာ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013