DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် တရားမ၀င်အနှိပ်ခန်းကို ပထမဆုံးအကြိမ် ၀င်ရောက်ဖမ်းဆီး
DVB
·
July 25, 2016
နေပြည်တော်တွင် တရားမ၀င်အနှိပ်ခန်းကို ပထမဆုံးအကြိမ် ၀င်ရောက်ဖမ်းဆီး
Donate to DVB

နေပြည်တော် ကောင်စီနယ်မြေ သီရိ ၅ မြို့နယ်က ဥတ္တရသီရိမြို့နယ်မှာ တရားမဝင် အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေတာကို ပထမဆုံးအကြိမ် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဟိုတယ်ဇုန် (၂) မှာ ဟိုတယ် (၁၈) လုံးရှိပြီး ဥတ္တရသီရိမြို့နယ် အပိုင်ကတော့ ဟိုတယ် (၁၁) ရှိတယ်လို့ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းက သိရတာပါ။

"ဒီလိုတွေ မဖွင့်ဖို့ကို (၁) လ တစ်ကြိမ် (၃) လတစ်ကြိမ်လောက်ကို အမြဲကြော်ငြာတယ်။ ကြားလဲကြားလို့ ဝင်ဖမ်းတာပါ။ အဲ့ဟိုတယ်မှာ ချောဧကရိ KTV၊ Beauty Spa ဆိုပြီး တရားမဝင် အနှိပ်ခန်းဖွင့်ထားတာ။ မနေ့က နေ့လည် ၂ နာရီခွဲက မြို့နယ်ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ပေါင်းပြီး ဖမ်းဆီးခဲ့တာပါ"လို့ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောဆိုခဲ့တာပါ။

ဇူလိုင်လ ၂၄ ရက်နေ့ နေ့လည်ပိုင်း ၂ နာရီခွဲ အချိန်က ဥတ္တရသီရိမြို့နယ်အပိုင်ထဲမှာရှိတဲ့ ရွှေအင်ကြင်း ဟိုတယ် (SiG - SHWE INGYINN HOTEL )ကို ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး မန်နေဂျာ (၁) ဦး၊ လုံခြုံရေးဝန်ထမ်း (၁) ဦးနဲ့ အမျိုးသမီး (၆) ဦး စုစုပေါင်း (၈) ဦးတို့ကို ငွေကျပ် (၁) သိန်း (၄) သောင်း ကျော်နဲ့အတူ ဖမ်းမိခဲ့တာပါ။

ဖမ်းဆီခံထားရသူတွေကို တရားဝင်ထုတ်ပြန်တဲ့ အမိန့်ကိုဖီဆန်ခြင်း ရာဇသတ်ကြီး ပုဒ်မ ၁၈၈ နဲ့ မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုထားကြောင်း ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013