DVB Logo
Home
မြန်မာသတင်း
ထိုင်းပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အမည်စာရင်းကို မျောက်တအုပ် ၀င်ရောက်ဖျက်ဆီး (ရုပ်သံ)
DVB
·
July 25, 2016
ထိုင်းပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အမည်စာရင်းကို မျောက်တအုပ် ၀င်ရောက်ဖျက်ဆီး (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ဖိကျစ်ခရိုင် ဖိကျစ်မြို့ရှိ ဘုန်းကြီးကျောင်းတခုမှာ သြဂုတ်လကျင်းပမယ့်  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဝင်ခွင့်ရှိသူများ အမည်စာရင်းကို မျောက်တအုပ်က ၀င်ရောက်ဖျက်ဆီးလိုက်တယ်လို့  ဗရိုက်တီဗွီ brighttv ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဇူလိုင်လ ၂၄ ရက် နေ့ခင်းပိုင်းက  ဟတ်မွန်းကပု ဘုန်းကြီးကျောင်းဝန်းရှိ ဆိုင်းဘုတ်မှာ ကပ်ထားတဲ့ မဲဆန္ဒနယ်မြေအမှတ် - ၁ တွင်း ဆန္ဒပြုခွင့်ရှိသူဦးရေ ၃၀၆ ဦးပါ အမည်စာရွက် ၁၅ ရွက်လုံး မျောက်တအုပ်ရဲ့ ဆွဲဆုတ်ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့  ဖိကျစ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နိုင်းပရယုဒ် ကျကဖတ်ကွန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒါကြောင့် ဆန္ဒခံယူပွဲလုပ်မယ့်နေရာတစ်ခု ရွှေ့ပြောင်းလိုက်ပြီး အမည်စာရင်းတွေလည်း ပြန်လည်ပြင်ဆင်ကဒ်ထားခဲ့ပြီလို့ သူကဆက်ပြောပါတယ်။

အဆိုပါ ဘုန်းကြီးကျောင်းမှာ လာရောက်မှီခိုနေတဲ့ မျောက်အကောင်ရေ ၂၀၀ ကျော်ရှိပြီး အဲဒီထဲက မျောက်ဆယ်ကောင်လောက်က စာရွက်တွေကို ဖျက်ဆီးခဲ့တာလို့ ကျောင်းထိုင် ဘုန်းကြီးက မိန့်ပါတယ်။

အမည်စာရင်းပါစာရွက်ဟာ ပန်းရောင်ဖြစ်နေတာကြောင့် မျောက်တွေ ဆော့ချင်စဖွယ် ဆွဲဆောင်နေတာလို့ ယူဆရကြောင်း၊ ဒီလိုအမည်စာရင်း တတွဲလုံး ဆုတ်ဖြဲခံရတာကိုတော့ အရင်က မကြုံဖူးခဲ့ကြောင်း ဆရာတော်က မိန့်ပါတယ်။

ထိုင်းနိုင်ငံရဲ့  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ ကျင်းပဖို့ရှိပြီး အာဏာသိမ်းစစ်ကောင်စီအစိုးရမှ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို မနှစ်သက် သူတွေလည်း ရှိနေပါတယ်။

ဒါကြောင့် အခြေခံဥပဒေစာအုပ် အတုလုပ်ပြီး ဖြန့်ဝေတာ၊ ပြည်သူတွေကြား အထင်မှားစေတဲ့ လှုံ့ဆော်စည်းရုံးမှုတွေလည်း ရှိနေပါတယ်။

ထိုင်းသက္ကရာဇ် ၂၅၅၉ အရ ဒီနှစ်ဟာ တိုက်ဆိုင်စွာ မျောက်နှစ်လည်း ဖြစ်နေပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013