DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့ ရေဘေးသင့်ပြည်သူ ၃၀၀ ကျော် အကူအညီများ လိုအပ်နေ
DVB
·
July 25, 2016
မင်းကင်းမြို့ ရေဘေးသင့်ပြည်သူ ၃၀၀ ကျော် အကူအညီများ လိုအပ်နေ
1 / 7
Donate to DVB

ဇူလိုင်လ ၈ ရက်နေ့က စပြီး ဒီနေ့အထိ ချင်းတွင်းမြစ်ရေ တက်နေတဲ့အတွက် ကလေးခရိုင် မင်းကင်းမြို့ မြေနိမ့်ရပ်ကွက်နေ အိမ်ထောင်စု ၇၀ ကျော်က လူဦးရေ ၃၀၀ ကျော်ဟာ စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“ဒီလ ၈ ရက်နေ့ကတည်းက ရေတက်လာတာနဲ့ အိမ်တွေပြောင်းရတယ်။ ပြောင်းရွှေ့ရတဲ့ မိသားစုတွေမှာ ယောက်ျားက ကုန်တက်ချ မိန်းမက ခရီးသည်စက်လှေတွေ ဈေးရောင်းအဲ့လို တနေ့လုပ် တနေ့စားတွေလေ။ ခု ရေသင့်လို့ နေရာပြောင်း မြစ်ရေတက်နေလို့ စက်လှေ အသွားအလာတွေလဲ ပိတ်ထားတော့ ကုန်မထမ်းရ ဈေးမရောင်းရဖြစ်ပြီး စားရေး ခက်ခဲလာ တယ်။ အတိုးနဲ့ ငွေချေးစားနေရတယ်။ ဒီအတွက် သူတို့တွေ စားရေး အကူအညီ လိုနေ ပါတယ်”လို့ မင်းကင်းမြို့က ကိုကျော်မင်းအောင်က ပြောပါတယ်။

ချင်းတွင်းမြစ်ရေဟာ မင်းကင်းမြို့အတွက် စိုးရိမ်ရေအမှတ် ၁၃၅၀ စင်တီမီတာ ဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့က ၁၃၆၁ စင်တီမီတာထိ စိုးရိမ်ရေအမှတ်ကို ၁၁ စင်တီမီတာ ကျော်၊ ဇူလိုင် ၂၄ မနက် ၉ နာရီ တိုင်းတာချက်မှာတော့ ၁၃၇၉ စင်တီမီတာ၊ ဇူလိုင်လ ၂၅ ရက် မနက် ၁၀ တိုင်းတာချက်အရ ၁၃၇၉ စင်တီမီတာ ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

မင်းကင်းမြို့ရေဘေးသင့် အမျိုးသမီးတဦးက “အခု လောလောဆယ် ရေကျမယ်ဆိုရင်တောင် အိမ်တွေ ဆေးရဦးမယ်။ နေအိမ် မပြန်နိုင်သေးဘူး။ မီးနဲ့ ရေကတော့ ယွန်းကျောင်း ဆရာတော်က ထောက်ပံ့ပေးထားတယ်။ ရေစတက်တော့ မင်းကင်းနယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဒေါ်ခင်မွှေးလွင်က တစ်မိသားစုကို ဆန်တစ်တင်းနဲ့ ငွေ တစ်သောင်း ထောက်ပံ့တယ်။ ဒါပေမယ့် မိသားစု များတော့ မလောက်တော့ဘူး”လို့ ပြောပါတယ်။

ချင်းတွင်းမြစ်ရေတက်ခြင်းကြောင့် မင်းကင်းမြို့က ရေဘေးသင့် အိမ်ထောင်စု ၇၂ စုဟာ မင်းကင်းမြို့ ယွန်းကျောင်းနဲ့ မင်းကျောင်းအပြင် အခြားနီစပ်ရာမှာပါ ရေရှောင်နေရပြီး ကျားမပေါင်း အရေအတွက်အနေနဲ့ ကျား ၁၃၁ ဦး၊ မ ၁၉၅ ဦး စုစုပေါင်း ၃၂၆ ဦးထိ ရှိနေပါတယ်။
သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013