DVB Logo
Home
မေးမြန်းခန်း
တနိုင်ငံလုံးအပစ်ရပ်ရန် ဒဘလျူအယ်လ်ဘီတောင်းဆို (မေးမြန်းချက်)
DVB
·
September 29, 2011
တနိုင်ငံလုံးအပစ်ရပ်ရန် ဒဘလျူအယ်လ်ဘီတောင်းဆို (မေးမြန်းချက်)
Donate to DVB

ကချင်ပြည်နယ်အတွင်း အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဒီတိုက်ပွဲကိုရပ်ပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲဖို့ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က တောင်းဆိုလိုက်ပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန်အနေနဲ့ ငြိမ်းချမ်းရေးခေါ်ဆိုထားပေမယ့် တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တာဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ရည်မှန်းချက်ပန်းတိုင်နဲ့ အလှမ်းပိုဝေးစေတယ်လို့ မနေ့ကထုတ်ပြန်တဲ့ WLB (Women’s Lead of Burma)ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် ဒေသခံလူထုလူထုတွေ အဓမ္မခိုင်းစေ ခံရတာတွေ၊ အမျိုးသမီးတွေပေါ် အဓမ္မပြုကျင့်တာတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ  ဖြစ်ပေါ်နေတဲ့အတွက် အစိုးရအနေနဲ့ ထိုးစစ်ကိုရပ်ပြီး တနိုင်ငံလုံး အပစ်ရပ်ပြီး တိုင်းရင်းသားအားလုံးပါဝင်တဲ့ တွေ့ဆွေးမှုလုပ်ဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဒီအကြောင်း အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ သဘာပတိအဖွဲ့ဝင် ဂျန်မွန်းနေလီကို ဒီဗွီဘီသတင်းထောက် နော်နိုရင်းက ဆက်သွယ် မေးမြန်ထားပါတယ်။

″ပြည်တွင်းမှာဆိုရင် စစ်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ တဘက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုပြီး ပြောနေပြီးမှ တဘက်မှာတော့ စစ်တပ် ပိုပြီးတော့ ချဲ့ပြီးတော့ အင်အားကြီးနဲ့ လိုက်တိုက်နေတာတွေ ဖြစ်နေတော့ အဲဒါဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အရာ မဟုတ်ဘူး။ ကချင်ပြည်နယ်မှာဆိုရင် စစ်ပွဲ ဖြစ်တာက ဇွန် ၉ ရက်ကနေ စပြီး အစိုးရတပ်ကနေ ကေအိုင်အေနဲ့ စစ်ပွဲတွေ တောက်လျှောက်ဖြစ်နေတာပေါ့နော်။ အခုဆိုရင် တဘက်မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆိုပြီး သူတို့ ကမ်းလှမ်းပြီးတော့ ပြောတာ ရှိတယ်။ တဘက်မှာ ကျတော့ အစိုးရ စစ်တပ်ကပဲ ထိုးစစ်ဆင်နေတဲ့ အပိုင်းတွေကလည်း တောက်လျှောက် လုပ်နေတယ်။

″အခုဆိုရင် ရှမ်းပြည်ဘက်မှာ ရှိတဲ့ ကေအိုင်အေ တပ်မဟာ ၄ အောက်မှာရှိတဲ့ နေရာတွေတောင်မှ ပိုပြီးတော့ ပြန့်ပြီးတော့ စစ်ပွဲတွေ ဆက်ပြီး ဖြစ်လာတာပေါ့နော်။ ငြိမ်းချမ်းတာ မဟုတ်ဘဲ ပိုပြီးစစ်ဖြစ်နေတာတွေက ပိုများတယ်။ အဲဒီမှာ ပိုပြီးတော့ ဆိုးတာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တောက်လျှောက်ဖြစ်နေတာပေါ့။ ပေါ်တာဆွဲတဲ့ဟာတွေ အမျိုးသမီးတွေဆိုရင် မုဒိမ်းကျင့်တဲ့ဟာတွေ တခြား ကေအိုင်အိုနဲ့ ကေအိုင်အေနဲ့ ပတ်သက်ပါတယ်ဆိုပြီးတော့ အတင်းအဓမ္မ နှိပ်စက်တာတွေပေါ့နော်။″

အဲ့တော့ အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) အနေနဲ့ တောင်းဆိုချင်တာက ဘာတွေလဲ။

″တိုင်းရင်းသားအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကို ကောင်းကောင်းမွန်မွန် လုပ်ပေးဖို့နဲ့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှု ရပ်တန့်ပေးဖို့ အဲဒါက အရေးကြီးပါတယ်။ ပြီးရင် စစ်ပွဲဖြစ်ရင် ပြည်သူလူထုတွေကို ဓားစာခံ လုပ်ပြီးတော့ နှိပ်စက်တဲ့ဟာတွေပေါ့နော်။ အဲဒါတွေကို မလုပ်ဖို့နဲ့ ရပ်တန့်ပေးဖို့၊ မြန်မာနိုင်ငံငြိမ်းချမ်းအောင် တကယ် လက်တွေ့ဆန်ဆန်နဲ့ ဖော်ဆောင်နိုင်မယ့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ကောင်းကောင်းမွန်မွန် လုပ်သွားဖို့ အဲဒါက အရေးကြီးတယ်လို့ တောင်းဆိုချင်ပါတယ်။″

ဟုတ်ကဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ဒီကြေညာချက်ထုတ်ပြီး တောင်းဆိုထားခြင်းအားဖြင့် အစိုးရဘက်ကရော တုံ့ပြန်မှု ရှိနိုင်ပါ့မလား။

″အစိုးရကတော့ ပြည်တွင်းမှာ ရှိတဲ့ ပြည်သူလူထုတွေ ဘာပဲဖြစ်ဖြစ် အမှုထားတယ်ဆိုတာတော့ သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျမတို့ ထုတ်လိုက်တဲ့ ကြေညာချက်က  တစုံတရာ အကျိုးရှိမယ်လို့ မျှော်လင့်တယ်ပေါ့နော်။ တကယ်လို့များ အစိုးရဘက်ကနေ ဘာမှ မတုံ့ပြန်သည်တိုင်အောင် ပြည်သူတွေက ဘာဖြစ်နေတယ်ဆိုတာ သူတို့ သိသွားမယ်။ အဲလိုရည်ရွယ်ချက်မျိုး ရှိတာပေါ့နော်။″

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013