DVB Logo
Home
မြန်မာသတင်း
မိုင်းဂျာယန်ညီလာခံ ရလဒ်ကောင်းရရန် ငြိမ်းချမ်းရေးကော်မရှင် မျှော်လင့်
DVB
·
July 24, 2016
မိုင်းဂျာယန်ညီလာခံ ရလဒ်ကောင်းရရန်  ငြိမ်းချမ်းရေးကော်မရှင် မျှော်လင့်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ မိုင်ဂျာယန်ညီလာခံကနေ ၂၁ ရာစု ပင်လုံညီလာခံကို တပ်ဖွဲ့အားလုံး တက်ရောက်နိုင်မယ့် ရလဒ်ကောင်းတွေ ဆောင်ကြဉ်းနိုင်ဖို့ မျှော်လင့်တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတက ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေမှာ ဖွဲ့စည်းပေးခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်က ဇူလိုင် ၂၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲ အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့  (Nationwide Ceasefire Agreement- NCA) ကို အခြေခံပြီး အကောင်အထည်ဖော်ဆောင်ရွက်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ စတုတ္ထပတ် နောက်ဆုံးထား ကျင်းပနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ မိုင်ဂျာယန်ကို သွားရောက်ရေးအစီအစဉ်တွေ အဆင်ပြေချောမွေ့စေဖို့ လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့မှုတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနထံတင်ပြပြီး ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း ကြေညာချက်ထဲ ဖော်ပြပါတယ်။

ကော်မရှင်အနေနဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်မှာ (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေသာမက လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်နိုင်ရေး အတွက်လည်း ဖိတ်ကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (အန်စီအေ) မှာ  အဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုအပ်နေသေးတဲ့ အချက်များကိုလည်း ဆွေးနွေး ညှိနှိုင်းနိုင်ဖို့ ဆောင် ရွက်နေတယ်လို့ ကြေညာချက်ထဲ ပါရှိပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်မှာ  ဥက္ကဋ္ဌအဖြစ် ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးသိန်းဇော်၊ အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်တွေအဖြစ် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဦးနိုင်ငံလင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးတို့ ပါဝင်ပြီး ၀န်ကြီးဟောင်း ဦးအောင်ကြည်ခေါင်းဆောင်တဲ့ အကြံပေးအဖွဲ့ဝင် သုံးဦးနဲ့ ဦးအေးလွင်ခေါင်းဆောင်တဲ့ အထောက်အကူပြု အဖွဲ့ဝင် ခုနစ်ဦးတို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013