DVB Logo
Home
မြန်မာသတင်း
ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကြောင့် လူ ၂၀၀ ခန့်ကို အပြင်ထွက်ခွင့် ကန့်သတ်
DVB
·
July 23, 2016
ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကြောင့် လူ ၂၀၀ ခန့်ကို အပြင်ထွက်ခွင့် ကန့်သတ်
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ တိလောကရပ်ကွက်မှာ  ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ပျံ့နှံ့မှာစိုးလို့ ၀င်းတခုထဲရှိ လူ ၂၀၀ ခန့်ကို အပြင်ထွက်ခွင့်ကန့်သတ်လိုက်ပါတယ်။

တိုင်းကျန်းမာရေးဌာနက ဇူလိုင် ၂၂ ရက်ညကတည်းက စတင်ကန့်သတ်လိုက်တာဖြစ်ပြီး အဲ့ဒီဝင်းထဲက ကလေးတဦးထံမှာ ပိုးတွေ့လို့ ကန့်သတ်လိုက်တာဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

“ကန့်သတ်တယ်ကြားလို့ မနက်က သွားတော့ ကျန်းမာရေးဆေးခန်းလေးတခု ဖွင့်ထားပါတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း အဲ့ဒီလမ်းကို ပိတ်ထားတယ်၊ ဖြစ်စဉ်ကတော့ အဲ့ဒီဝင်းထဲက ၇ နှစ်အရွယ် မိန်းကလေးတယောက် ဆေးရုံတင်ရတယ်၊ ဆေးရုံမှာ ဆုံဆို့နာပိုးတွေ့တော့ အိမ်တွေကလည်း အရမ်းကပ်နေတာနဲ့ ကူးစက်မှာ စိုးပြီးတော့ လူ ၂၀၀ လောက်၊ အိမ်ခြေက ၃-၄ ဆယ်လောက်ကို သွားလာခွင့် ပိတ်လိုက်တာပေါ့၊”

၁၀ ရက်ခန့် အပြင်ထွက်ခွင့် ကန့်သတ်လိုက်တာဖြစ်ပြီး အဲ့ဒီဝင်းထဲက လူ ၂၀၀ လောက်ရဲ့ လတ်တလော စားဝတ်နေရေးအတွက် လိုအပ်တာတွေ ကူညီပေးခဲ့တယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ လလောက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ရပ်ကွက်မှာ ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ သီလရှင်ဆရာလေးတပါး ပျံလွန်တော်မူခဲ့လို့ အခုလိုပဲ ရပ်ကွက်ကို ပိတ်ခဲ့ရဘူးပါတယ်။

13770495_1056945371060978_287295912312531237_nကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ ပြင်းထန်အဆုတ်ရောင် ရောဂါပိုးဟာ ကာကွယ်ဆေးထိုးမထားလို့ဖြစ်တာဆိုပြီး အခုလဆန်းပိုင်းကစ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ထည်းသွင်းထိုးနှံပေးနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013